Thursday, April 30, 2026

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး...

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀)...

ဝန်းသိုမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။ မြန်မာသက္ကရာဇ်...
HomeNewsLocal Newsတရုတ်က သဘာဝဓာတ်ငွေ့ရည်တင်သင်္ဘောကို လွှဲပြောင်းပေးအပ်

တရုတ်က သဘာဝဓာတ်ငွေ့ရည်တင်သင်္ဘောကို လွှဲပြောင်းပေးအပ်

ဧပြီလ ၂၇ ရက်

တရုတ်နိုင်ငံသည် တန်ဖိုးမြင့်သင်္ဘောတည်ဆောက်ရေးကဏ္ဍတွင် တောင်ကိုရီးယား၏ လွှမ်းမိုးမှုကို ပိုမိုစိန်ခေါ်လာစဉ် ၎င်း၏ အကြီးဆုံးသော သဘာဝဓာတ်ငွေ့ရည် တင်သင်္ဘောကို လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။ ယခုအခါ တရုတ်နိုင်ငံတွင် ထိုသို့သော အဆင့်မြင့်သင်္ဘောများကို ဒီဇိုင်း ပုံထုတ် တည်ဆောက်နိုင်သည့် ပြည်တွင်းသင်္ဘောကျင်း အရေအတွက်သည် ၅ ခုအထိ ရှိလာပြီဖြစ်ပေသည်။

China Merchants Group ၏ လက်အောက်ခံဖြစ်သော China Merchants Heavy Industry (Jiangsu) သည် ကုဗမီတာ ၁၈၀,၀၀၀ (ကုဗပေ ၆.၃၆ သန်း) ဝင်ဆံ့သောအဆိုပါသင်္ဘောကို တနင်္ဂနွေနေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အလျား ၂၉၈.၈ မီတာ (၉၈၀ ပေ) ရှည်လျားပြီး “Celsius Georgetown” ဟု အမည်ပေးထားသော အဆိုပါသင်္ဘော တည်ဆောက်ရေးကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ဒိန်းမတ်နိုင်ငံ Celsius Shipping ကုမ္ပဏီမှ မှာယူထားသည့် အလားတူသင်္ဘော ၆ စင်းအနက် ပထမဆုံး တစ်စင်းဖြစ်ပြီး ဒုတိယမြောက်သင်္ဘောကို နောက်ထပ် ၃ လအကြာတွင် လွှဲပြောင်းပေးအပ်ရန် စီစဉ်ထားကြောင်း သင်္ဘောတည်ဆောက်ရေးကုမ္ပဏီက ပြောကြားခဲ့သည်။

ကုမ္ပဏီအနေဖြင့် အဆိုပါသင်္ဘောတည်ဆောက်ပြီးစီးမှုကို အကြီးစားသန့်စင်စွမ်းအင်တင်သင်္ဘောများ တည်ဆောက်ရေးတွင် “သိသာထင်ရှားသော အောင်မြင်မှု” အဖြစ် ချီးကျူးဂုဏ်ပြုခဲ့သည်။ အနုတ် ၁၆၃ ဒီဂရီဆဲလ်စီးယပ် (အနုတ် ၂၆၁ ဒီဂရီဖာရင်ဟိုက်) ကဲ့သို့သော အလွန်နိမ့် ကျသည့် အပူချိန်တွင် လောင်စာဆီများကို သယ်ယူပို့ဆောင်ရန် တည်ဆောက်ထားသည့် LNG တင်သင်္ဘောများကို ၎င်းတို့၏ ရှုပ်ထွေးနက်နဲသော ဒီဇိုင်းနှင့် အင်ဂျင်နီယာပညာရပ်များကြောင့် သင်္ဘောတည်ဆောက်ရေး နည်းပညာ၏ အမြင့်ဆုံးအဆင့်အဖြစ် လူသိများကြသည်။

ကုမ္ပဏီခေါင်းဆောင်ပိုင်းက ယခုသင်္ဘောလွှဲပြောင်းပေးအပ်မှုကို အရေးပါသော အချိုးအကွေ့တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု မြင်ကွင်း။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး လွတ်ငြိမ်းခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀) ရက် နံနက်ပိုင်းက လွတ်ပေးခဲ့ကြောင်းသိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ဧပြီလ (၃၀) ရက်ရက်စွဲပါ အမိန့် အမှတ် (၅၁/၂၀၂၆)၊ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်...

ဝန်းသိုမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် နှစ်စဉ်မပျက် ကျင်းပကြသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ကောလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သိန်းဇော်လင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူး ကျော်ဆန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ဝန် ထမ်းများ၊ ဒေသခံပြည်သူများက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071