Monday, May 4, 2026

အပူလှိုင်းနှင့် မိုးရာသီဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး မြန်မာ...

အပူလှိုင်းနှင့် မိုးရာသီဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံကြက် ခြေနီအသင်း ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနှင့်အပြည်ပြည်ဆိုင်ရာ...

သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲ ယနေ့...

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် G-10 နှင့် G-11 ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲကို ယနေ့ မေ ၄ ရက်နံနက် ၉...

ဟော်မုဇ် ရေလက်ကြားအတွင်း အီရန်၏ ခွင့်ပြုချက်မပါဘဲ...

အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ဟော်မုဇ် ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားပြီး၊ အီရန်အစိုးရနှင့် ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ၎င်းရေလမ်းကြောင်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် သင်္ဘောအားလုံးကို တိုက်တွန်းထားကြောင်း အီရန်နိုင်ငံ Khatam al-Anbiya...

ရန်ကုန်တိုင်းအတွင်း ယခု မေလအတွင်း အုပ်စု(၂)စုခွဲ...

ရန်ကုန်တိုင်းအတွင်း၌ ယခု မေလအတွင်း အုပ်စု(A,B) ခွဲ၍ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း အချိန်(၄)နာရီစီ အလှည့်ကျစနစ်ဖြင့်...
HomeMoviesအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ Project...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ Project Freedom တွင် အရပ်ဖက် သင်္ဘောများအား စစ်သင်္ဘောဖြင့် လိုက်ပါစောင့်ရှောက်ရန် အစီအစဉ်မရှိ

ဟော်မုဇ် ရေလက်ကြားအတွင်း ပိတ်မိနေသည့် သင်္ဘောများနှင့် ပတ်သက်၍ အမေရိကန် ရေတပ်၏ “Operation Project Freedom”စစ်ဆင်ရေးတွင် အရပ်ဖက် သင်္ဘောများအား စစ်သင်္ဘောများဖြင့် လိုက်ပါစောင့်ရှောက်ပေးမည့် တာဝန်များ မပါဝင်ကြောင်း၊ သို့သော် သင်္ဘောသားများအတွက် ဘေးကင်းပြီး မိုင်းအန္တရာယ်ကင်းစင်သော ရေလမ်းကြောင်းဆိုင်ရာ အချက်အလက်များကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း Axios သတင်းဌာန၏ သတင်းထောက် Barak Ravid က ပြောကြားသည်။

သူက X လူမှုကွန်ရက်တွင် အောက်ပါအတိုင်း ရေးသားခဲ့သည်။

“အမေရိကန် အရာရှိနှစ်ဦးရဲ့ အဆိုအရ ဟော်မုဇ် ရေလက်ကြား စီမံချက်အသစ်မှာ အမေရိကန် ရေတပ်သင်္ဘောတွေက ကုန်သွယ်ရေးသင်္ဘောတွေကို လိုက်ပါစောင့်ရှောက်ပေးဖို့ (Escorting) မလိုအပ်ပါဘူး။”

ဆက်လက်၍ သူက “အရာရှိတစ်ဦး၏ ပြောကြားချက်အရ အမေရိကန် ရေတပ်သင်္ဘောများသည် ရေလက်ကြားအတွင်း ဖြတ်သန်းနေသော ကုန်သွယ်ရေးသင်္ဘောများကို အီရန်စစ်တပ်က တိုက်ခိုက်ခြင်းမှ တားဆီးရန် လိုအပ်လာပါက အနီးအနားတွင် ရှိနေမည် ဖြစ်ကြောင်း၊ အမေရိကန် ရေတပ်အနေဖြင့် ကုန်သွယ်ရေးသင်္ဘောများအား အကောင်းဆုံးသော ရေလမ်းကြောင်းများ၊ အထူးသဖြင့် အီရန်စစ်တပ်က မိုင်းထောင်ထားခြင်း မရှိသည့် လမ်းကြောင်းများကို အသုံးပြုနိုင်ရန် အချက်အလက်များ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း” ရေးသားထားသည်။

စီမံချက်၏ နောက်ခံအခြေအနေ
အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်-အီရန် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြားအတွင်း ပိတ်မိနေသော သင်္ဘောများ ပြန်လည်ထွက်ခွာနိုင်ရန် ကူညီပေးမည့် “Operation Project Freedom”စစ်ဆင်ရေးကို တနင်္လာနေ့တွင် စတင်မည်ဟု ကြေညာခဲ့သည်။ ထို့ပြင် မည်သည့် နှောင့်ယှက်မှုကိုမဆို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထရန့်က အလေးပေး ပြောကြားခဲ့သည်။

သို့သော်လည်း ထိုကြေညာချက် ထွက်ပေါ်လာပြီး မကြာမီမှာပင် The Wall Street Journal သတင်းစာက အမည်မဖော်လိုသူ အမေရိကန် အစိုးရအရာရှိတစ်ဦးကို ကိုးကား၍ ဖော်ပြရာတွင် အဆိုပါ စစ်ဆင်ရေးတွင် ဟော်မုဇ် ရေလက်ကြားအတွင်း ကုန်သွယ်ရေးသင်္ဘောများကို အမေရိကန် စစ်သင်္ဘောများက တိုက်ရိုက် လိုက်ပါစောင့်ရှောက်ပေးမည့် အစီအစဉ် မပါဝင်ကြောင်း ဖော်ပြခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အပူလှိုင်းနှင့် မိုးရာသီဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး မြန်မာ နိုင်ငံကြက်ခြေနီအသင်းနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ ဆွေးနွေး

အပူလှိုင်းနှင့် မိုးရာသီဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံကြက် ခြေနီအသင်း ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနှင့်အပြည်ပြည်ဆိုင်ရာ ကြ က်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)တို့ ပူးပေါင်းကာ "Heatwave and Monsoon Season Prepa redness (Pre Disaster Meeting)" ကို Hybrid ပုံစံဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဆွေးနွေးပွဲအတွင်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များနှင့် လာမည့်ရာသီတွင် တုံ့ပြန်ဆောင်ရွက်နိုင်ရန်...

သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲ ယနေ့ မေ ၄ ရက်ကစတင် ဖြေဆိုသူ(၂၂၉)ဦးရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် G-10 နှင့် G-11 ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲကို ယနေ့ မေ ၄ ရက်နံနက် ၉ နာရီမှစတင် ၍ သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် မြန်မာစာဘာသာရပ်ကိုဖြေဆိုခဲ့ကြောင်း သိရသည်။ မြန်မာစာဘာသာရပ်အား အ.ထ.က(သပိတ်ကျင်း)တွင် ကျောင်းသား၊ ကျောင်းသူ(၉၆)ဦး၊ အ.ထ.က(၁)မိုးကုတ်တွင် ကျောင်းသား၊ ကျောင်းသူ(၂၂၉)ဦးဖြေဆိုခဲ့ကြကာ သက်ဆိုင်ရာတာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ စာမေးပွဲကို ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်မဆုံးရှုံးစေရေးအတွက်ရည် ရွယ်၍ မေ ၁၁ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဟော်မုဇ် ရေလက်ကြားအတွင်း အီရန်၏ ခွင့်ပြုချက်မပါဘဲ ဝင်ရောက်ခြင်းမပြုရန် သင်္ဘောများကို အီရန်တိုက်တွန်း

အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ဟော်မုဇ် ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားပြီး၊ အီရန်အစိုးရနှင့် ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ၎င်းရေလမ်းကြောင်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် သင်္ဘောအားလုံးကို တိုက်တွန်းထားကြောင်း အီရန်နိုင်ငံ Khatam al-Anbiya ဌာနချုပ်မှ တပ်မှူး Ali Abdollahi က ပြောကြားခဲ့သည်။ "ကျွန်တော်တို့ဟာ ဟော်မုဇ် ရေလက်ကြားရဲ့ လုံခြုံရေးကို အစွမ်းကုန်ဆောင်ရွက်နေပြီး အခြေအနေအားလုံးကို ထိန်းချုပ်ထားပါတယ်။ ကုန်တင်သင်္ဘောတွေနဲ့ ရေနံတင်သင်္ဘောတွေအနေနဲ့ သူတို့ရဲ့ လုံခြုံရေးကို မထိခိုက်စေဖို့အတွက် ဟော်မုဇ် ရေလက်ကြားမှာ တပ်စွဲထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ဖြတ်သန်းသွားလာဖို့ မကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071