Thursday, April 30, 2026

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို...

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ်...

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော်...

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့်...

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည်...

မဟာမုနိဘုရားကြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်ပုံရိပ်များ...

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဖွားမြင်သောနေ့၊ ဘုရားအဖြစ်သို့ရောက်သောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ဖြစ်ကာ ဗုဒ္ဓဘာသာဝင်များ အလေးထားအထူးမြတ်ထားသော နေ့လည်း ဖြစ်သည်။ ဓာတ်ပုံ - မဟာမုနိဘုရားကြီး Facebook page
HomeNewsLocal Newsသီလဝါဆိပ်ကမ်းတွင် တန်ချိန် ၂၅,၀၀၀...

သီလဝါဆိပ်ကမ်းတွင် တန်ချိန် ၂၅,၀၀၀ သိုလှောင်နိုင်သည့် သိုလှောင်ရုံတစ်လုံး တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းတွင် တန်ချိန် ၂၅,၀၀၀ သိုလှောင်နိုင်သည့် သိုလှောင်ရုံတစ်လုံးတည်ဆောက်နေကြောင်း သိရသည်။

အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (Build-Oper-ate-Transfer, BOT) စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က အဆိုပါ စီမံကိန်းကို ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ဒုတိယဝန်ကြီး ဦးထွန်းလူ၊ ရန်ကုန်တိုင်းလျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်နှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Myanma Agricultural & General Development Public Limited (MAGDPL) တို့မှ သီလဝါဆိပ်ကမ်းဧရိယာအကွက်အမှတ် (၂၉) တွင် တည်ဆောက်နေခြင်း ဖြစ်ပြီး ခေတ်မီသိုလှောင်ရုံ လေးလုံးအနက်ပေ (၅၅၀x ၁၅၀ x၃၄) အရွယ်ရှိ တန်ချိန် ၂၅,၀၀၀ သိုလှောင်နိုင်သည့် သိုလှောင်ရုံတစ်လုံးတည်ဆောက်ခြင်း၊ နောက်ခံမြေတွင် သဲဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အပိုင်းလိုက်ဆက်လက်တည်ဆောက်သွားမည့် ဖြစ်ကြောင်း သိရသည်။

အချိန်မီပြီးစီး၍ ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်ကြရန်နှင့် နိုင်ငံ၏ အဓိကလယ်ယာထွက်ပို့ကုန်များကို ခေတ်မီနည်းစနစ်များဖြင့် သိုလှောင်တင်ပို့နိုင်ရေးအတွက် စီမံထားသည့်အတိုင်း အပိုင်းလိုက်ဆက်လက်တည်ဆောက်သွားကြရန် ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုတန်ဖိုးသည် နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ ပျမ်းမျှ ၇၀ ရာနှုန်းရှိသဖြင့် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှု၏ အဓိက ဝင်/ထွက်ပေါက်ဖြစ်သော ရန်ကုန်နှင့် သီလဝါဧရိယာရှိ ဆိပ်ကမ်းတံတားများအပါအဝင် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတစ်ခုလုံး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို ကြည်ညိုဖွယ်ဖူးတွေ့ရသော မြင်ကွင်းပုံရိပ်များအား ဖော်ပြလိုက်ရပါသည်။

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာန

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော် (၁၀၈) ပါးနှင့် သီလရှင်များအား စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခြင်း၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ ကံမြင့်ဘုရားကြီးနှင့်ရင်ပြင်တော်များ၊ ရေသပ္ပါယ်ပူဇော်သန့်ရှင်းခြင်း၊ ညောင်ရေသွန်းလှူပူဇော်ခြင်းကုသိုလ်များကိုပြုလုပ်ခဲ့ကြသည်။

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ဧပြီ (၂၉) ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့ကာ ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် မကြာမီတွင် ဆောင်ရွက်ဆဲ (၂၁၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ပြီးမြောက်မည်ဖြစ်ကာ စက်ရုံအမြန်ပြီးစီးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တွန်းအားပေးဆောင်ရွက်နေသည်ဟုလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071