Tuesday, April 28, 2026

မေလလယ်တွင် မုတ်သုံလေစတင်ဝင်ရောက်မည်ဖြစ်ပြီး မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ဟု...

​၂၀၂၆ ခုနှစ်၊ မေလအတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံသို့ အဆင့်ဆင့်ဝင်ရောက်လာမည်ဖြစ်ကာ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။ မုတ်သုံလေဝင်ရောက်မည့်...

လူ့အခွင့်အရေးချိုးဖေ-ာက်မှုများအား ကော်မရှင်သို့ တိုင်ကြားနိုင်ကြောင်း MNHRC...

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) က နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဥပဒေပါအခွင့်အရေးများနှင့် လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များတွင် ပါဝင်သည့် အခွင့်အရေးများ ဖေ-ာက်ဖျ-က်ခံရပါက ကော်မရှင်သို့...

မေလလယ်တွင် မုတ်သုံလေစတင်ဝင်ရောက်မည်ဖြစ်ပြီး မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ဟု...

​၂၀၂၆ ခုနှစ်၊ မေလအတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံသို့ အဆင့်ဆင့်ဝင်ရောက်လာမည်ဖြစ်ကာ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။ မုတ်သုံလေဝင်ရောက်မည့်...

ဟော်မုဇ် ရေလက်ကြား ပြန်လည်ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂ...

ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တနင်္လာနေ့တွင် တောင်းဆိုလိုက်သည်။ ပင်လယ်ရေကြောင်းနယ်ပယ်အတွင်းရှိ ရေလမ်းကြောင်းများ ဘေးကင်းလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လုံခြုံရေးကောင်စီ၏...
HomeMoviesဦးတေဇ၏ Htoo ကုမ္ပဏီအုပ်စု...

ဦးတေဇ၏ Htoo ကုမ္ပဏီအုပ်စု အပါအဝင် ကုမ္ပဏီ ၁၇ ခုအား အမည်မည်းစာရင်း(Black Lists)ထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့်တားဆီးထားခြင်းတို့မှ ပယ်ဖျက်ပြီးစီးကြောင်း ဗဟိုဘဏ် ကြေညာ

ဦးတေဇ၏ Htoo ကုမ္ပဏီအုပ်စု အပါအဝင် ကုမ္ပဏီ ၁၇ ခုအား အမည်မည်းစာရင်း(Black Lists)ထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့်တားဆီးထားခြင်းတို့မှ ပယ်ဖျက်ပြီးစီးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဧပြီ ၂၇ ရက်စွဲဖြင့် ကြေညာထားသည်။

၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့် ကုမ္ပဏီများအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက်ရှိသော ကုမ္ပဏီ (၂၈) ခုအားလည်းကောင်း၊ ၂ဝ၂၁ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီ များအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက်ရှိသော ကုမ္ပဏီ (၅၅) ခုအားလည်းကောင်း၊ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့် ကုမ္ပဏီ (၁၉၇) ခုအားလည်းကောင်း၊ (၁-၁-၂၀၂၁) ရက်နေ့မှ (၃၁-၃-၂၀၂၅) ရက်နေ့အထိ ကာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီ (၂၈၇) အား လည်းကောင်း အမည်မည်းစာရင်း (Black Lists) ထည့်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညှိနှိုင်းချက်အရ ပြည်ထဲရေးဝန်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ အမည်မည်းစာရင်းထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးခြင်းခံရသည့် ကုမ္ပဏီများအနက် ကုမ္ပဏီ (၂၉) ခု သည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီး ဖြစ်သဖြင့် ယင်းကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်မည်းစာရင်း (Black Lists) ထည့်သွင်း ခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျက်ကြောင်း (၃၀-၁၂-၂၀၂၅) ရက်နေ့တွင် ကြေညာခဲ့ပြီးဖြစ်သည်။

ယခုအခါ ယင်းတို့အနက် ကုမ္ပဏီ (၁၇) ခု သည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီး ဖြစ်သဖြင့် ယင်းကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်မည်းစာရင်း (Black Lists) ထည့်သွင်း ခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျက်ကြောင်း ကြေညာပါသည်။

အဆိုပါကုမ္ပဏီ ၁၇ ခုမှာ Yang Brothers National Co.,Ltd ၊ Multi World Trade Co.,Ltd ၊ Myanmar Yulin Co.,Ltd ၊ N.Y.K Global Diamond Crown Co.,Ltd ၊ BAAB’s Myanmar Co.,Ltd ၊ Mogok Hair Co.,Ltd ၊ Biopro(Myanmar) Co.,Ltd ၊ Lucky Marine Products Co.,Ltd ၊ Min Gamani Co.,Ltd ၊ San Dara Aung Co.,Ltd ၊ RRR Non Woven Manufacture Co.,Ltd ၊ MMSM(Myawaddy) Co.,Ltd ၊ Zwe Tharaphu Co.,Ltd ၊ Hao Yuan Co.,Ltd ၊ Htoo Trading Co.,Ltd ၊ Rax Myanmar Co.,Ltd တို့ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မေလလယ်တွင် မုတ်သုံလေစတင်ဝင်ရောက်မည်ဖြစ်ပြီး မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ဟု မိုး/ဇလခန့်မှန်း

​၂၀၂၆ ခုနှစ်၊ မေလအတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံသို့ အဆင့်ဆင့်ဝင်ရောက်လာမည်ဖြစ်ကာ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။ မုတ်သုံလေဝင်ရောက်မည့် ကာလများအနေဖြင့် ​မေ (၁၃) ရက်မှ မေ (၁၈) ရက်အထိ မြန်မာနိုင်ငံတောင်ပိုင်း၊​ မေ (၁၉) ရက်မှ (၂၄) ရက်အထိ မြစ်ဝကျွန်းပေါ်ဒေသ ၊​ မေ (၂၅) ရက်မှ မေ (၃၀) ရက်အထိ မြန်မာနိုင်ငံအလယ်ပိုင်း၊​မေ (၃၁) ရက်မှဇွန် (၅) ရက်အထိ ...

လူ့အခွင့်အရေးချိုးဖေ-ာက်မှုများအား ကော်မရှင်သို့ တိုင်ကြားနိုင်ကြောင်း MNHRC အသိပေး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) က နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဥပဒေပါအခွင့်အရေးများနှင့် လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များတွင် ပါဝင်သည့် အခွင့်အရေးများ ဖေ-ာက်ဖျ-က်ခံရပါက ကော်မရှင်သို့ တိုင်ကြားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ ကော်မရှင်ဥပဒေ ပုဒ်မ ၃၀ အရ လူ့အခွင့်အရေးချိုးဖေ-ာက်ခံရသူသည် ကိုယ်တိုင်အတွက်ဖြစ်စေ၊ အခြားသူတစ်ဦးကိုယ်စားဖြစ်စေ၊ လူတစ်စုကိုယ်စားဖြစ်စေ တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။ တိုင်ကြားလိုသူများအနေဖြင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ် (၂၇)၊ (၆) မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ စာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ပေးပို့နိုင်ကြောင်း သိရသည်။...