ဧပြီ ရက်နေ့ နံနက် ၅နာရီခွဲက မြန်မာ-လာအို ချစ်ကြည်ရေး အသင်း ရန်ကုန်ရုံးရှိ ရုံးခန်း၌ ဘုရားအနေကဇာတင်ပွဲကျင်းပခဲ့သည်။
လာအိုနိုင်ငံ လောင်ဖရာဘန်ပြည်နယ် သံဃာ့ရာဇာဆရာတော်က မြန်မာနိုင်ငံမှ မဟာကမ္မဌာနစရိယ၊အဂ္ဂမဟာကမ္မဌာနစရိယ ပြည်တွင်းပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရအား ဗုဒ္ဓပူဇာအနေဖြင့် ကပ်လှူသည့် ဆင်းတုတော်အား အောင်ဆန်းဆရာတော်ကြီးမှ မြန်မာ-လာအို ချစ်ကြည်ရေး အသင်းရုံးခန်းတွင် ပူဇော်ရန် ပြန်လည်ချီးမြှင့်ကာ ဗုဒ္ဓဘိသေက အနေကဇာတင် အခမ်းအနား ပြုလုပ်၍ အသင်းဥက္ကဌ ဦးဝင်းမောင်၊ ဒုတိယ ဥက္ကဌ ဦးမျိုးအောင်၊ အထွေထွေအတွင်းရေးမှုး ဦးကောင်းဇံတို့ တက်ရောက်၍ လှူဖွယ်ဝတ္တု အစုစုနှင့် သင်္ဃန်းများ ကပ်လှူပူဇော်၍ အာရုံဆွမ်းကပ်လှူကာ ရေစက်သွန်းချ အမျှဝေ လှူဒါန်းခဲ့ကြသည်၊
ထို့နောက် မြန်မာ-လာအို ချစ်ကြည်ရေး အသင်း နှစ်ပတ်လည် အသင်းသား စုံညီ အစည်းအဝေးအား နံနက် ၁၀နာရီတွင် hybrid ပုံစံဖြင့်ကျင်းပရာ ဥက္ကဌ ၊ဒုဥက္ကဌ၊ အထွေထွေ အတွင်းရေးမှုး၊ စာရင်းစစ်နှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များ ရုံးအဖွဲမှုးများလူကိုယ်တိုင်တက်ရောက်ခဲ့သလို နေပြည်တော်နှင့် တာချီလိတ်တို့မှ အသင်းဝင်များက အွန်လိုင်းမှ တက်ရောက်ခဲ့ကြသည်။
အသင်း၏ ၂နှစ်တာ သက်တမ်းတွင် တာချီလိတ်ရုံးခွဲဖွင့်လှစ်ခြင်း၊ လာအိုနိုင်သို့ ချစ်ကြည်ရေး ခရီးသွားရောက်ခြင်း၊ လာအိုမှ မြန်မာသို့ ချစ်ကြည်ရေးခရီးလာရောက်ကြခြင်း၊ လာအိုတွင် ဝိပသနာတရားစခန်းကို အသင်းက ကြီးမှုးဖွင့်လှစ်ခြင်း၊ ယဥ်ကျေးမှုနှင့်အားကစားကိစ္စ ဖလှယ်ရန် စီစဥ်ခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့ကြောင်းသိရသည်။
