Saturday, April 25, 2026

လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို (၃) ရက်ဆက်တိုက်ပိတ်မည်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)၏ လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို ဧပြီ ၂၉ ရက်၊ ဧပြီ ၃၀ ရက်နှင့် မေ ၁ ရက်အထိ (၃)ရက်ဆက်တိုက်ပိတ်မည်ဟု...

အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ်(၁၀၉)ကြိမ် ဖြစ်ပွားပြီးနောက် တပ်မတော်က...

CDF နှင့် PDF အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ်(၁၀၉)ကြိမ်ဖြစ်ပွားပြီးနောက် တပ်မတော်က ဖလမ်းမြို့နှင့် ယင်း ဒေသတစ်ခုလုံးကို ယနေ့ ဧပြီ ၂၅ ရက်တွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ခြားရေးဝန်ကြီး...

မြန်မာနိုင်ငံ၏ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေလုံခြုံရေး၊ တည်တံ့ခိုင်မြဲရေးကို စွဲစွဲမြဲမြဲထောက်ခံအားပေးလျက်ရှိမှုအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဥ်ရောက်ရှိလာသည့် တရုတ်ကွန် မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့်...

စက်သုံးဆီအခြေပြု လယ်ယာသုံးစက်ကိရိယာများအား ဆိုလာစနစ်ပြောင်းလဲထုတ်လုပ်ရန် ပဲခူးဝန်ကြီး...

စက်သုံးဆီအခြေပြု လယ်ယာသုံးစက်ကိရိယာများအား ဆိုလာစနစ်ပြောင်းလဲထုတ်လုပ်ရန် ပဲခူးတိုင်းဝန် ကြီးချုပ်ဦးမျိုးဆွေဝင်းက ဧပြီ ၂၄ ရက်မွန်းလွဲပိုင်းတွင် တိုင်းအတွင်းရှိ MSMEs လုပ်ငန်းများအရှိန်အဟုန်ဖြင့်တိုးတက်လာစေရေးအတွက် MSMEs စီးပွားရေးလုပ်...
HomeMoviesအသက် ၁၈ နှစ်မှ...

အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား အမျိုးသားများအတွက် စစ်မှုထမ်းဥပဒေဥပဒေမူကြမ်းကို ကမ္ဘောဒီးယားဝန်ကြီးအဖွဲ့ အတည်ပြု

အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ပြီးခဲ့သည့်နှစ်အတွင်း လူသေဆုံးမှုများရှိခဲ့သည့် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်၊ အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား ကမ္ဘောဒီးယားအမျိုးသားများအနေဖြင့် စစ်တပ်တွင် နှစ်နှစ်ကြာ စစ်မှုထမ်းရန် လိုအပ်သည့် ဥပဒေမူကြမ်းကို ဝန်ကြီးအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်သည်။

ယခု စစ်မှုထမ်းဥပဒေမူကြမ်းသစ်သည် ၂၀၀၆ ခုနှစ်ကတည်းက ရှိခဲ့သော်လည်း တစ်ခါမျှ အကောင်အထည်မဖော်ခဲ့သည့်အပြင်၊ လက်ရှိနှင့် အနာဂတ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတော့သည့် ဥပဒေဟောင်းကို အစားထိုးသွားမည်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့သည်။

ဥပဒေဟောင်းတွင် စစ်မှုထမ်းရမည့် အမြင့်ဆုံးအသက်ကို ၃၀ နှစ်ဟု သတ်မှတ်ထားခဲ့သည်။ အမျိုးသမီးများမှာမူ မိမိတို့၏ ဆန္ဒအလျောက် စစ်မှုထမ်းခွင့် ရရှိမည်ဖြစ်သည်။

အခန်း ၈ ခန်းနှင့် ပုဒ်မ ၂၀ ပါဝင်သော ဥပဒေမူကြမ်းကို ကြာသပတေးနေ့တွင် ပြုလုပ်သည့် ဝန်ကြီးအဖွဲ့အစည်းအဝေး၌ အတည်ပြုခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ပန်ဘိုနာက ဆိုသည်။

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်တစ်လျှောက် ပိုင်နက်အငြင်းပွားမှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့်နှစ်အတွင်း တိုက်ပွဲများ နှစ်ကြိမ်တိုင်တိုင် ပြင်းထန်ခဲ့သည်။

ယင်းတိုက်ပွဲများကြောင့် နှစ်နိုင်ငံစလုံးမှ လူပေါင်းသိန်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ကမ္ဘောဒီးယားစစ်သားနှင့် အရပ်သား ၁၀၀ ခန့် အသက်ဆုံးရှုံးခဲ့သည်။ ဒီဇင်ဘာလတွင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အသစ်ထပ်မံဖြစ်ပွားသည့် တိုက်ပွဲများ မရှိသေးသော်လည်း တင်းမာမှုများကမူ မြင့်တက်နေဆဲဖြစ်သည်။

ကမ္ဘောဒီးယားအစိုးရ၏ ထုတ်ပြန်ချက်တွင် စစ်မှုထမ်းခြင်းသည် မရှိမဖြစ်လိုအပ်သော တာဝန်တစ်ခုဖြစ်ပြီး၊ ကမ္ဘောဒီးယားပြည်သူများအနေဖြင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ကူညီရန်နှင့် မိခင်နိုင်ငံတော်ကို ကာကွယ်ရန် ရရှိသည့် ကြီးမြတ်သော ဂုဏ်ယူဖွယ်ရာအခွင့်အရေးဖြစ်ကြောင်း ဖော်ပြထားသည်။

ဝန်ကြီးချုပ် ဟွန်မာနက်က ထိုင်းနိုင်ငံနှင့် ဆက်ဆံရေးဆိုးရွားနေသည့် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက ပြောကြားရာတွင် ကမ္ဘောဒီးယားအနေဖြင့် ယခုနှစ်အတွင်း စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ စစ်မှုထမ်းဥပဒေမှတစ်ဆင့် ဝင်ရောက်လာသော စစ်သားများသည် ဆန္ဒအလျောက် ဝင်ရောက်လာသူများထက် ပိုမိုထိရောက်ပြီး ကျွမ်းကျင်မှုရှိကြောင်း၊ စစ်မှုထမ်းစနစ်ကို လိုအပ်ချက်များ ဖြည့်ဆည်းရန်နှင့် စစ်တပ်၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခု အတည်ပြုလိုက်သည့် ဥပဒေကြမ်းကို ကမ္ဘောဒီးယား အမျိုးသားလွှတ်တော်နှင့် ဥပဒေပြုအထက်လွှတ်တော်တို့သို့ ပေးပို့၍ အတည်ပြုချက် ရယူရမည်ဖြစ်ပြီး၊ ဘုရင် နိုရိုဒွန် သီဟာမုနိက လက်မှတ်ရေးထိုးပြီးသည်နှင့် ဥပဒေအဖြစ် စတင်အသက်ဝင်လာမည် ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို (၃) ရက်ဆက်တိုက်ပိတ်မည်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)၏ လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို ဧပြီ ၂၉ ရက်၊ ဧပြီ ၃၀ ရက်နှင့် မေ ၁ ရက်အထိ (၃)ရက်ဆက်တိုက်ပိတ်မည်ဟု YESC ကအသိပေးခဲ့သည်။ ဧပြီ ၂၉ ရက်သည် ဗုဒ္ဓဟူးနေ့ အပတ်စဥ်ရုံးပိတ်ရက်ဖြစ်ပြီး ဧပြီ ၃၀ ရက်သည် ကဆုန်လပြည့်နေ့၊ မေ ၁ ရက်သည် အလုပ်သမားနေ့တို့ဖြစ်၍ လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကိုပိတ်ရခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။ ယနေ့ ဧပြီ ၂၅ ရက်၊ ဧပြီ ၂၆ ရက်၊ ဧပြီ ၂၇ ရက်နှင့် ဧ...

အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ်(၁၀၉)ကြိမ် ဖြစ်ပွားပြီးနောက် တပ်မတော်က ဖလမ်းမြို့နှင့် ယင်း ဒေသတစ်ခုလုံးကို အလုံးစုံပြန်လည်ထိန်းချုပ်သိမ်း ပိုက်

CDF နှင့် PDF အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ်(၁၀၉)ကြိမ်ဖြစ်ပွားပြီးနောက် တပ်မတော်က ဖလမ်းမြို့နှင့် ယင်း ဒေသတစ်ခုလုံးကို ယနေ့ ဧပြီ ၂၅ ရက်တွင် အလုံးစုံပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ဖလမ်းမြို့နှင့် ယင်း ဒေသတစ်ခုလုံးကိုပြန်လည်ထိန်း ချုပ်သိမ်းပိုက်နိုင်ရန် တပ်မတော်က စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းခြင်းများပြုလုပ်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် သာယာကုန်း ကျေး ရွာ၊ အောက်တိုဘာ ၃၀ ရက်တွင် နတ်ချောင်းတံတား၊ နိုဝင်ဘာ ၃ ရက်နေ့တွင် ပွိုင့်-၂၂၄၄ တောင်ကုန်း၊ နိုဝင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ခြားရေးဝန်ကြီး H.E. Mr. Wang Yi တွေ့ဆုံ

မြန်မာနိုင်ငံ၏ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေလုံခြုံရေး၊ တည်တံ့ခိုင်မြဲရေးကို စွဲစွဲမြဲမြဲထောက်ခံအားပေးလျက်ရှိမှုအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဥ်ရောက်ရှိလာသည့် တရုတ်ကွန် မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi တို့ ယနေ့ ဧပြီ ၂၅ ရက်က နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော် ၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက တရုတ်နိုင်ငံသမ္မတအ နေဖြင့် မိမိကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ပြီးနာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပထမဆုံးပေးပို့ပြီး အလေးအနက်ထားမှုကိုပြသပေးမှုအတွက်ဝမ်းမြောက်ဂုဏ်ယူပြီး တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြား ရေးဝန်ကြီးအနေဖြင့်လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071