တိရစ္ဆာန်ဥယျာဥ်(ရန်ကုန်)တွင် ထိန်းသိမ်းစောင့်ရှောက်ထားသော တိရစ္ဆာန်လေးများပိုမိုကျန်းမာသန်စွမ်းစေရန်နှင့် ကောင်းကျိုးသုခရရှိနိုင်စေရန်အတွက် “Feeding Program”ကို စနစ်တကျစီမံစတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစီအစဥ်အရ အသား၊ အသီးအနှံ၊ အစာခြောက် တိရစ္ဆာန်အားလုံးအတွက်ပါဝင်သော အာဟာရအစုံ တစ်နေ့တာအာဟာရဒါနအား(၂၅)သိန်းကျပ်၊ အသားစားသတ္တဝါများအတွက် တစ်နေ့တာအာဟာရဒါနအား(၁၀)သိန်းကျပ်၊ အသီးအနှံစားသတ္တဝါများအတွက် တစ်နေ့တာအာဟာရဒါနအား(၁၀)သိန်းကျပ်၊ အစာခြောက်စားသတ္တဝါများအတွက် တစ်နေ့တာအာဟာရဒါနအား (၅)သိန်းကျပ်တို့ဖြင့်လှူဒါန်းကျွေးမွေးနိုင်ကြောင်း သိရသည်။
“Feeding Program”သည် တိရစ္ဆာန်လေးများ၏ အာ ဟာရလိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက လှူဒါန်းကျွေးမွေးသူများအတွက်လည်း ကုသိုလ်ရစေမည့် အလွန်ကောင်းမွန်သော အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။
