ရန်ကုန်အပါအဝင် မြို့ကြီး (၆) မြို့တွင် အားကစားနှင့် ပညာရေးပေါင်းစပ်ကာ သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဖွင့်လှစ်မည့် မြို့ (၆) မြို့သည် အားကစားနှင့် ကာယပညာသိပ္ပံ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်တို့ ဖြစ်ကြသည်။
ထိုသင်တန်းကို လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည်လည်း ဖြစ်သည်။
ထိုသင်တန်းများအတွက် ကျန်သည့်တိုင်းဒေသကြီးပြည်နယ်များရှိ အလားလာရှိသည့် ထူးချွန်သည့် အားကစားသမားများကိုလည်း ရွေးချယ်မည်လည်း ဖြစ်သည်။
တက်ရောက်လိုသူများသည် ၂၀၂၆ခုနှစ်၊ ဧပြီလ ပထမအပတ်ကစတင်၍ သက်ဆိုင်ရာပြည်နယ်တိုင်း မြို့နယ်များရှိ အားကစားနှင့် ကာယပညာဦးစီးဌာနများကို ဆက်သွယ်လျှောက်ထားနိုင်သည်။
အားကစားနည်းများအဖြစ် ရေကူး၊ မြှားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘောလုံး၊ ဘတ်စကပ်ဘော၊ လှေလှော်၊ လက်ဝှေ့၊ စက်ဘီး၊ သေနစ်ပစ်၊ ဂျူဒို၊ ကာရာတေး၊ ပိုက်ကျော်ခြင်း၊ ရွက်လှော်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်တို့ ပါဝင်မည်ဖြစ်သည်။
