Tuesday, April 21, 2026

နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား(Mind...

နိုင်ငံ၏ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများဖြစ်ပေါ်လာရာမှတစ်ဆင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာကာ မြန်မာနိုင်ငံ၏...

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။ ရက်ပေါင်း(၁၀၀)အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တောင်သူလယ်သမားများကို...

ပဲခူးတိုင်း၏ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့နှစ်သစ်ကူးတရားအလှူတော်(တတိယည)တွင် ပဲခူးမြို့၊...

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယည)ကို ဧပြီ ၁၉ ရက်က ဆင်ယင်ကျင်းပခဲ့သည်။ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် တရားနာပရိသတ်များအား...

ရေနံကုန်သွယ်မှုတွင် ဒေါ်လာအစား ယွမ်ကို အသုံးပြုလာနိုင်ကြောင်း...

အီရန်ပဋိပက္ခ ကြာရှည်လာပါက မိမိတို့၏ ဒေါ်လာအရန်ငွေများအပေါ် ဖိအားဖြစ်စေနိုင်ကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က အမေရိကန်အား သတိပေးလိုက်ပြီးနောက် တရုတ်ယွမ်ငွေကဲ့သို့သော အခြားရွေးချယ်စရာ ငွေကြေးများဖြင့်...
HomeNewsLocal NewsPDF များ ရက်ပေါင်း(၁၀၀)အတွင်း...

PDF များ ရက်ပေါင်း(၁၀၀)အတွင်း အလင်းဝင်ရန်ဖိတ်ခေါ်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် 

လာမည့် ဇူလိုင် ၃၁ ရက်တွင်ပြည့်မည့် အစိုးရအဖွဲ့ရက်ပေါင်း(၁၀၀)အတွင်း PDF များအလင်းဝင်ကြရန် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအ ဝေး၌ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

PDF များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်းနှင့် ငြိမ်း ချမ်းရေးအတွက်အလင်းဝင်ရန်ပြောထားကာ လက်ရှိအချိန်တွင်လည်း အလင်းဝင်လာသူအများအပြားရှိပြီး အလင်းဝင်ရန်တောင်းဆိုခြင်းများရှိရာ မိမိတို့အနေဖြင့်ကြိုဆိုသည်ဟု ပြောသည်။

” PDF နဲ့ပတ်သက်ပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာလာပြီးငြိမ်းချမ်းရေးအတွက်လာကြပါ။ ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်းဝင်လာကြဖို့ဖိတ်ခေါ်ပါတယ်။ နိုင် ငံရေးအရလည်း ဘာမှခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ပါဘူး။ PDF တွေအနေနဲ့ အသုံးချမခံရအောင်နေကြဖို့ပြောလိုပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြော သည်။

ထို့ပြင် ငြိမ်းချမ်းရေးအတွက် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များ၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အဖွဲ့များကို ဇူလိုင် ၃၁ ရက်နေ့မတိုင်မီတွေ့ဆုံဆွေးနွေးရန်ဖိတ်ခေါ်ကာ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလိုချင်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိပါက ဖွံ့ ဖြိုးရေးကိစ္စများကို လုပ်ဆောင်နိုင်မည်မဟုတ်ဟု ပြောသည်။

” ငြိမ်းချမ်းရေးလုပ်မှသာ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းကလုပ်လို့ရတယ်။ ရှေ့ကတည် ဆောက်ရေးလုပ်ငန်းလုပ်သွား နောက်ကအဖျက်လုပ် ငန်းတွေပါလာရင် သမင်မွေးရင်း၊ ကျားစားရင်း ဆိုသလိုဖြစ်နေမှာပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်တာတွေလျှောက်တောင်းဆိုပြီး ကိုယ့်အဖွဲ့အစည်းတည်တံ့ခိုင်မြဲရေးအတွက်လုပ်နေတယ်ဆိုရင် မှားသွားမယ်။ ကျွန်တော်တို့အနေနဲ့လည်းလုပ်သင့်လုပ်ထိုက်တာတွေကိုတော့ နိုင်ငံတော်အနေနဲ့လုပ်ရမှာတွေရှိလာပါလိမ့်မယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ပြင် လက်မှတ်ရေးထိုးထားပြီး သဘောတူညီချက်ယူထားခြင်းများရှိကာ ဥပမာအနေဖြင့် (၄၃)ချက်သ ဘောတူညီထားခြင်း၊ NCA လက်မှတ်ရေးထိုးဆွေးနွေးခဲ့သည့် Union Accord ရထားသောသဘောတူညီချက်များကို လာမည့် ပြည်ထောင်စုလွှတ်တော်များ၌တင်ပြ ၍ အပိုင်းလိုက်ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား(Mind Set)မြင့်မားလာအောင်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတပြော

နိုင်ငံ၏ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများဖြစ်ပေါ်လာရာမှတစ်ဆင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာကာ မြန်မာနိုင်ငံ၏ ပညာရေးအားနည်း ချက်ကိုအသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့အကျိုးအတွက် သွေးထိုးလှုံ့ဆော်အသုံးချလုပ်ဆောင်ခဲ့သဖြင့် နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား (Mind Set)မြင့်မားလာအောင်ဆောင်ရွက်ရမည်ဟု ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍသည် လွတ်လပ် ရေးမရမှီနှင့် လွတ်လပ်ရေးရပြီးချိန်တို့၌ ပညာရေးအား နည်းချက်များရှိခဲ့၍ "အ"သုံးလုံးလှုပ်ရှားမှုများဆောင် ရွက်ခဲ့ရမှု၊ ကျောင်းပညာသင်ကြားရေးမှာ လူများစုပညာရေးဖြစ်ခဲ့သော်လည်းကောင်းမွန်ခဲ့မှု၊ နိုင်ငံတကာအဆင့်မီ...

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။ ရက်ပေါင်း(၁၀၀)အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တောင်သူလယ်သမားများကို ချေးငွေနှုန်းထားတိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများတိုးမြှင့်ထုတ် ပေးမည်ဖြစ်ကာ စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါတို့အား (၃) သိန်းကျပ်အထိ၊ အခြားသီးနှံ (၁၈)မျိုးကို (၂)သိန်းခွဲကျပ်အထိ၊ ပန်းနှမ်း၊ ဆီ မုန်ညှင်း၊ ဂုံလျှော် တို့အား (၁) သိန်းခွဲကျပ်အထိတိုးမြှင့်ချေးပေးမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာချေးငွေအား ကျပ်သိန်း (၃,၀၀၀)အထိတစ်ကဏ္ဍ၊ ကျပ်သိန်း(၃,၀၀၀)အထက်ဖြစ်ပါက တစ်ကဏ္ဍပေးမည်ဖြစ်သည်။  လမ်းပန်းဆက်သွယ်ရေးတွင် အနီးစခန်းလေဆိပ်အ ဆင့်မြှင့်တင်ခြင်းကို ပြီးပြတ်အောင်ဆောင်ရွက်ခြင်း၊...

ပဲခူးတိုင်း၏ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့နှစ်သစ်ကူးတရားအလှူတော်(တတိယည)တွင် ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော်တရားဟောကြားတော်မူ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယည)ကို ဧပြီ ၁၉ ရက်က ဆင်ယင်ကျင်းပခဲ့သည်။ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် တရားနာပရိသတ်များအား ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)က "သြဝါဒကထာ"ခေါင်းစဥ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဓမ္မပူဇာအလှူငွေကျပ်(၇၅)သိန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ထံဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှအတမ်းပေးဝေခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071