မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့၌ ယမန်နေ့ ဧပြီ ၁၉ ရက်ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတို-က်ခတ်၍ နေအိမ်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် မကွေးတိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုမှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက လေဘေးသင့်သူများကို အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်း မိုးသက်လေပြင်းတို-က်ခတ်မှုကြောင့် ရပ်ကွက်(၁)ခုနှင့် ကျေးရွာ(၆)ရွာရှိ နေအိမ် (၄၈)လုံးမှာလုံးဝပျ-က်စီး၊ နေအိမ်(၂၃၈)လုံးမှာ တစ်စိတ်တစ်ပိုင်းပျ-က်စီးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၁၆,၇၀၀,၀၀၀)သိန်း၊ လေဘေးသင့်သူ(၇၈၇)ဦးအတွက် နှစ်ပတ်စာစားနပ်ရိက္ခာဆန်ဖိုးငွေကျပ် (၃,၉၃၅,၀၀၀) သိန်း၊ ထိခိုက်ဒ-ဏ်ရာရသူ(၁)ဦးအတွက် ငွေကျပ်(၅၀,၀၀၀)တို့ကိုထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အိမ်ထောင်စု(၄၈)စုစာအတွက် ငွေကျပ် (၅,၀၆၈,၅၄၄)သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးကိုလည်း လေဘေးသင့်သူများကိုထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ တိုင်းဝန်ကြီးချုပ်က ဒေသခံများအနေဖြင့် သဘာဝဘေးဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်နိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်၍ အမြဲတစေလေ့ကျင့်ဆောင်ရွက်ထားကြရန်တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဝန်ကြီးချုပ်က ပွင့်ဖြူမြို့နယ်အတွင်း လေပြင်းတို-က်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးမှုများနှင့် ရှင်းလင်းနေကြမှုများ၊ ဒေသခံတောင်သူများအား ပြည်တွင်းထုတ်ဒီဇယ်ဆီများ လယ်ယာလုပ်ငန်းခွင်အရောက်အထူးသက်သာသောဈေးနှုန်းဖြင့် တို-က်ရို-က်ဖြန့်ဖြူးရောင်းချပေးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
