Friday, April 17, 2026

အချိုမှုန့်အတုလုပ်ငန်းကို ဖြိုခွင်း

ထိုင်းနိုင်ငံ၏ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (စီအိုင်ဘီ) သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) နှင့် ပူးပေါင်း၍ မိုနိုဆိုဒီယမ် ဂလူတမိတ် (အမ်အက်စ်ဂျီ)အချိုမှုန့် အတု...

ပဲခူးတိုင်းအစိုးရအဖွဲ့၏ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်(ပထမည)

ပဲခူးတိုင်းအစိုးရအဖွဲ့ကကြီးမှူး၍ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်(ပထမည)ကို ယနေ့ ဧပြီ ၁၇ ရက်ညပိုင်းက တိုင်းအစိုးရအဖွဲ့ရုံးရှေ့၌ကျင်းပခဲ့သည်။ ဓမ္မသဘင်(ပထမည)ကို ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်စာချဆရာတော် ဘဒ္ဒန္တသုန္ဒရ...

ကော့ကရိတ်မြို့ရှိ ဌာနဆိုင်ရာများစုပေါင်း၍ နှစ်ဦးဆွမ်းဆက်ကပ်လှူဒါန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ယနေ့ ဧပြီ ၁၇ရက်(နှစ်ဆန်းတစ်ရက်နေ့)နံနက် ၆ နာရီက သံဃာတော်များအား နှစ်ဦးဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ တောင်ပေါ်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ...

မန်းရွှေစက်တော်ဘုရား၏ ကိုးခန်းကြီးဘုရားမှ အ ထက်စက်တော်ရာသို့တက်ရောက်နိုင်ရန်...

မန်းရွှေစက်တော်ဘုရား၏ ကိုးခန်းကြီးဘုရားမှ အ ထက်စက်တော်ရာသို့တက်ရောက်နိုင်ရန် ဓာတ်လှေကားတည်ဆောက်မည်ဖြစ်ရာ မကွေးတိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုမှ ယနေ့ ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် တိုင်းဝန်ကြီးချုပ်က မန်းရွှေစက်တော်ဘုရားကြီးအတွက်...
HomeMoviesဦးဝင်းမြင့်နှင့်​တွေ့ဆုံခဲ့သူ ​ဒေါက်တာမျိုးညွန့် ၏ပြောကြားချက်များ

ဦးဝင်းမြင့်နှင့်​တွေ့ဆုံခဲ့သူ ​ဒေါက်တာမျိုးညွန့် ၏ပြောကြားချက်များ

ယနေ့ နှစ်ဆန်းတစ်ရက်တွင်ပြန်လွတ်မြောက်လာသည့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့်တွေ့ခွင့်ရခဲ့ပြီး ကျန်းမာရေးကောင်းတဲ့အတွက် ဝမ်းသာရ​ကြောင်း ၄င်းကဆိုသည်။​ဒေါက်တာမျိုးညွန့်အား ​ပေါ်ပြူလာနယူးစ်ကမေးမြန်းထားသည်များကို​ဖော်ပြအပ်ပါသည်။

မေး ။       ။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်လွှတ်ပေးမယ်လို့ ကြားရပါတယ်။ ခြံအမှတ် (၅၄) ကိုလည်း ရွှေ့ပြောင်းမယ်လို့လည်း ကြားရပါတယ်။

ဖြေ။      ။ ခြံထဲမှာရှိတဲ့သူတွေကတော့ သူတို့ကို ဘာမှအကြောင်းကြားထားတာမရှိသေးဘူးလို့ ပြောပါတယ်။ ကောလဟာလကတော့ ထွက်တာပေါ့။

မေး။    ။ ဆရာတို့အနေနဲ့ နေပြည်တော်ရောက်နေတယ်လို့ သိရပါတယ်။

ဖြေ ။     ။ဟုတ်ကဲဲ့

မေး။      ။နေပြည်တော်ရောက်နေတဲ့အချိန်မှာ ဘာတွေဆက်လက်ဆောင်ရွက်သွားဖို့ရှိပါသလဲ။

ဖြေ။       ။ကျွန်တော်တို့ကတော့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ သူ့ရဲ့ ကျန်းမာရေးကလည်း ကျန်းမာတဲ့အတွက် ဝမ်းသာရပါတယ်။  ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့လည်း သတင်းတွေကအမျိုးမျိုးဖြစ်နေတယ်။ တစ်ခုမှလည်းအတည်ပြုနိုင်ခြင်းမရှိသေးတဲ့အတွက် ရန်ကုန်မှာပဲအခြေအနေကိုပြန်စောင့်ကြည့်ဖို့အတွက် ရန်ကုန်ကိုပြန်လာနေပါပြီ။

မေး ။     ။ ကြားထားတဲ့သတင်းတွေအရ နေပြည်တော်က နှင်းဆီခြံလိုလို ရန်ကုန်က ခြံအမှတ် (၅၄) လိုလို ဖြစ်နေတော့ နေပြည်တော်ရောက်တဲ့အချိန်မှာရော ဘာကြားမိပါသေးလဲ။

ဖြေ။       ။နေပြည်တော်က နှင်းဆီခြံက လူနေလို့မရအောင် ဖြစ်နေပြီ။ လူကိုယ်တိုင်သွားကြည့်ပြီးပါပြီ။နောက်တခြားနေနိုင်တဲ့နေရာတွေကိုလည်း လိုက်ကြည့်ပါတယ်။ နေပြည်တော်မှာတော့ ကျွန်တော်တို့မတွေ့ပါဘူး။ ရန်ကုန်မှာထားမယ်ဆိုရင်လည်း ခြံထဲကလူတွေကို ဘာမှအကြောင်းကြားတာမရှိသေးဘူး။  အဲဒါကြောင့် ရန်ကုန်ကိုပြန်ပြီး အခြေအနေစောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

မေး။     ။ လွတ်မြောက်လာတဲ့အထဲမှာ ဦးဝင်းမြင့်အပါအဝင် ဘယ်သူတွေလွတ်မြောက်လာပါသေးလဲ။

ဖြေ။      ။တခြားလူတွေကျတော့ ဝန်ကြီးချုပ် ဦးအောင်မိုးညိုကျတော့ နှစ်လေးနှစ်လောက် လျော့သွားတာလောက်ပဲရှိပါတယ်။တခြားထူးထူးခြားခြားတော့မရှိပါဘူး။

မေး။      ။ ဦးဝင်းမြင့်က ဘယ်မှာ အခြေချဖြစ်ပါမလဲ။

ဖြေ။       ။နိုင်ငံရေးအရဘာဆက်လုပ်မလဲဆိုတာကို ကျန်းမာရေးအခြေအနေအားလုံးစစ်ဆေးပြီးမှ တိုင်ပင်ဆွေးနွေးပြီး ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။

ပုံ- ယနေ့ နေ့လည်ကတွေ့မြင်ရသော တက္ကသိုလ်ရိပ်သာ လမ်းရှိ ခြံအမှတ် ၅၄

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အချိုမှုန့်အတုလုပ်ငန်းကို ဖြိုခွင်း

ထိုင်းနိုင်ငံ၏ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (စီအိုင်ဘီ) သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) နှင့် ပူးပေါင်း၍ မိုနိုဆိုဒီယမ် ဂလူတမိတ် (အမ်အက်စ်ဂျီ)အချိုမှုန့် အတု ထုတ်လုပ်ဖြန့်ဖြူး  သည့် အဓိကကွန်ရက်ကို ဖြိုခွင်းခဲ့ပြီး သံသယရှိသူ ခုနစ်ဦးကို ဖမ်းဆီးကာ ပစ္စည်းပေါင်း ၂၄,၉၁၈ ခုကို သိမ်းဆည်းရမိခဲ့သည်။ ချီယာဖွန်ပြည်နယ်၌ အငယ်စား ကုန်သည်တစ်ဦးကို ဖမ်းမိရာမှ စုံစမ်းစစ်ဆေးရေးမှူးများသည် သုံးလကျော်ကာလအတွင်း ကြီးမားကျယ်ပြန့်သော ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေးကွန်ရက် တစ်ခုကို ဖေါ်ထုတ် နိုင်ခဲသည်။ 2026 ခုနှစ် မတ်လ  25 ရက်နေ့တွင်...

ပဲခူးတိုင်းအစိုးရအဖွဲ့၏ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်(ပထမည)

ပဲခူးတိုင်းအစိုးရအဖွဲ့ကကြီးမှူး၍ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်(ပထမည)ကို ယနေ့ ဧပြီ ၁၇ ရက်ညပိုင်းက တိုင်းအစိုးရအဖွဲ့ရုံးရှေ့၌ကျင်းပခဲ့သည်။ ဓမ္မသဘင်(ပထမည)ကို ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်စာချဆရာတော် ဘဒ္ဒန္တသုန္ဒရ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)၊ (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်)က "သိင်္ဂါလောဝါဒ သုတ္တန်" တ ရားခေါင်းစဉ်ဖြင့်ဟောကြားတော်မူပြီးနောက် ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဓမ္မပူဇာအလှူငွေကျပ်သိန်း(၆၀)နှင့် လှူဖွယ်ပစ္စည်းများကိုဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု့အစုစုအတွက်ရေစက်သွန်ချအမျှပေးဝေးခဲ့ကြသည်။ ပဲခူးတိုင်းအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ကို ဧပြီ ၁၇ ရက်မှ ဧပြီ ၁၉ ရက်အထိကျင်းပမည်ဖြစ်ရာ မနက်ဖြန် ဧပြီ ၁၈ ရက်ညတွင် ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ပဓာ နနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တသူရိယ(အဂ္ဂမ...

ကော့ကရိတ်မြို့ရှိ ဌာနဆိုင်ရာများစုပေါင်း၍ နှစ်ဦးဆွမ်းဆက်ကပ်လှူဒါန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ယနေ့ ဧပြီ ၁၇ရက်(နှစ်ဆန်းတစ်ရက်နေ့)နံနက် ၆ နာရီက သံဃာတော်များအား နှစ်ဦးဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ တောင်ပေါ်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ကြွရောက်တော်မူလာကြသည့် ဆရာ‌တော်၊ သံဃာတော်များမှ မေတ္တာသုတ်တရားတော်များကိုရွတ်ဖတ်ပူဇော်တော်မူခဲ့ကြပြီး ကော့ကရိတ်မြို့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နီနီအောင်၊ ဒု-ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး တောင်ပေါ်ကျောင်းတိုက်ဆရာတော်က တရားဟောကြားတော်မူပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071