မန်းရွှေစက်တော်ဘုရား၏ ကိုးခန်းကြီးဘုရားမှ အ ထက်စက်တော်ရာသို့တက်ရောက်နိုင်ရန် ဓာတ်လှေကားတည်ဆောက်မည်ဖြစ်ရာ မကွေးတိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုမှ ယနေ့ ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် တိုင်းဝန်ကြီးချုပ်က မန်းရွှေစက်တော်ဘုရားကြီးအတွက် နဝကမ္မအလှူငွေများပေးအပ်လှူဒါန်းပြီး အောက်စက်တော်ရာနဂါးအိုင်တွင် နဂါးစာကျွေးကု သိုလ်ပြုကာ နှစ်ဦးကုသိုလ်အဖြစ် မန်းချောင်းအတွင်း (၂)လက်မအရွယ် ငါးမြစ်ချင်း(၂၅,၀၀၀)ကောင်ကို ဇီဝိတဒါနငါးလွှတ်ကုသိုလ်ပြုခဲ့သည်။
ထို့နောက် တိုင်းဝန်ကြီးချုပ်မှ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ဆင်စခန်းဖွင့်လှစ်ထားရှိမှုနှင့် ဆင်ပြတိုက်ဖွင့်လှစ်ထားရှိမှု၊ ဆင်ပြတိုက်အတွင်း ခင်း ကျင်းပြသထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး ဆင်စာများကျွေးမွေးလှူဒါန်းခဲ့သည်။
