Sunday, April 19, 2026

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃...

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ...

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ...

အနာဂတ်စီးပွားရေးဆက်ဆံရေးအတွက် အမေရိကနှင့် စကားပြောဖို့ အချိန်ကျပြီ–လက်ဗရော့ဗ်

       ရုရှားနှင့် အနာဂတ်စီးပွားရေးဆက်ဆံရေးကို ဝါရှင်တန်ဘက်က မည်သို့အမြင်သဘောထားရှိသည်နှင့်ပတ်သက်၍ အမေရိကနှင့် ဆွေးနွေးရန် အချိန်ကျရောက်ပြီဟု တုကီ‌ယေးနိုင်ငံ အန်တာလီယာမြို့တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က...
HomeMoviesရေနံပြတ်လပ်မှုအတွက် ဆယ်ဘီလျံဒေါ်လာထောက်ပံ့မည်--ဆနားအဲ

ရေနံပြတ်လပ်မှုအတွက် ဆယ်ဘီလျံဒေါ်လာထောက်ပံ့မည်–ဆနားအဲ

ဂျပန်အစိုးရသည် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း ရေနံစိမ်းထွက်ကုန်များ ဂျပန်နိုင်ငံသို့ ဆက်လက်စီး ဆင်းနေစေရန် ရည်ရွယ်ချက်ဖြင့် ရေနံစိမ်းဝယ်ယူမှုလောက်င ဖူလုံစေရန်အတွက် အခြားအာရှနိုင်ငံများသို့ စုစုပေါင်း ဒေါ်လာ ၁၀ ဘီလျံထောက်ပံ့ကူညီမည်ဖြစ်သည်။

ဝန်ကြီးချုပ် ဆနားအဲ တာကအိချိက အရှေ့တောင် အာရှနိုင်ငံများအသင်းမှ အဓိကလုပ်ဖော်ကိုင်ဖက်များနှင့် ဗုဒ္ဓဟူးနေ့ က အွန်လိုင်းတွေ့ဆုံမှုအပြီးတွင် ထုတ်ပြန်ခဲ့သည့် အဆိုပါအကူအညီသည် ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်း ဝယ်ယူရန် ချေးငွေများအပြင် သိုလှောင်မှုတိုးချဲ့ခြင်း ကဲ့သို့သော ဒေသတွင်းရှိ စွမ်းအင်ထောက်ပံ့ရေးကွင်း ဆက်များကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

“ဂျပန်သည် ထောက်ပံ့ရေးကွင်းဆက်များမှတစ်ဆင့် အာရှနိုင်ငံတစ်ခုစီနှင့် နီးကပ်စွာချိတ်ဆက်နေပြီး ၎င်းတို့နှင့် အပြန်အလှန်မှီခိုနေရသည်” ဟု သူ က သတင်းထောက်များအား ပြောကြားပြီး အာရှတွင် ရေနံပြတ်လပ်မှု သို့မဟုတ် ထောက်ပံ့မှုပြတ်တောက်မှု များသည် နိုင်ငံ၏ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းအပေါ် ကြီးမားသည့် ဆိုးကျိုးများ သက်ရောက်နိုင်ကြောင်း ပြောကြားခဲ့သည်။

စီစဉ်ထားသော ငွေကြေးအကူအညီသည် အာဆီယံ နိုင်ငံများမှ ရေနံစိမ်းတင်သွင်းမှု တစ်နှစ်ခန့် စည်ပေါင်း 1.2 ဘီလျံအထိ ညီမျှသည်ဟု သူက ဆိုသည်။

ဂျပန်နိုင်ငံသည် ဆေးရုံ ဆေးခန်း များတွင် အသုံးပြုသည့် ပစ္စည်းများ အပါအဝင် အရှေ့တောင် အာရှမှ ရေနံထွက်ပစ္စည်းများကို တင်သွင်းသည်။ ဒေသတွင်း နိုင်ငံအများအပြားသည် ရေနံသိုလှောင်မှု အကန့်အသတ်ကို ထိန်းသိမ်းထားသောကြောင့် ထောက်ပံ့ရေး ပြတ်တောက်မှုသည် နောက်ဆုံးတွင် ဂျပန်နိုင်ငံသို့ တင်ပို့မှုအပေါ် သက်ရောက်မှုရှိလာမည်ကို စိုးရိမ်မှုများရှိခဲ့သည်။

ကမ္ဘာတစ်ဝန်း စွမ်းအင်သယ်ယူပို့ဆောင်ရေးအတွက် အဓိကရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက် ကြားကို ပိတ်ဆို့ထားစေသည့် စစ်ပွဲ၏နောက်ကွယ်တွင် ရေနံစျေးနှုန်းများ မြင့်တက်လာခြင်းသည် သွင်းကုန်များ အတွက် ပေးချေနိုင်မှုအပေါ် အရှေ့တောင်အာရှနိုင်ငံ အချို့တွင် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

တိုကျိုသည် အစိုးရကျောထောက်နောက်ခံပြု ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဘဏ်မှတစ်ဆင့် ချေးငွေများအပါအဝင် ငွေကြေးပံ့ပိုးမှုမှ တစ်ဆင့် အခက်အခဲများကို ဖြေရှင်းရန် ရည်ရွယ်ထား ကြောင်း အစိုးရသတင်းရင်းမြစ်များအရ သိရသည်။

Takaichi က နောက်ဆုံး ပံ့ပိုးပေးသည့် အစီအစဉ်တွင် ဂျပန်နိုင်ငံ၏ အရန်ငွေများမှ တိုက်ရိုက်ရေနံစိမ်း ထောက်ပံ့မှုများ မပါဝင်သဖြင့် ပြည်တွင်း ထောက်ပံ့မှုအပေါ် ထိခိုက်စေမည် မဟုတ် ကြောင်း Takaichi က အလေးပေးပြောကြားခဲ့ သည်။
ရေနံစိမ်းတင်သွင်းမှုအတွက် အရှေ့အလယ်ပိုင်းအပေါ် ကြီးကြီးမားမား မှီခိုနေရသောကြောင့် ဂျပန်နိုင်ငံသည် နိုင်ငံအတွင်း ရေနံသိုလှောင်မှု ပေါများသည်။

အစည်းအဝေးအပြီးတွင် ဂျပန်အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ပါဝင်သူများသည် “အာရှသည် ဟောမုဇ်ရေလက်ကြားမှ စွမ်းအင်အရင်းအမြစ်များ ထောက်ပံ့မှုတွင် အနှောင့်အယှက်ဖြစ်သဖြင့် အာရှသည် အထိခိုက်ဆုံးဒေသဖြစသည်ကိုအသိအမှတ်ပြုကြောင်း နှင့် လမ်းကြောင်းဘေးကင်းစွာ ဖြတ်သန်းသွားလာမှု သေချာစေရေး အရေးကြီးပုံကို သဘောတူညီခဲ့ကြကြောင်းသိရသည်။

Ref ဂျပန်တူဒေးဒေါ့ကွမ်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃ နာ ရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသပေးခြင်း၊ သွားတုအံကပ်တပ်ဆင်ပေးခြင်း၊ အခမဲ့မျက်စိကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး‌စောင့်ရှောက်မှုပေးခြင်းများပြုလုပ်ပေးရာ မကွေး တိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုမှကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသော ဘိုး/ဘွားများအားတွေ့ဆုံပြီး အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ မကွေးတိုင်းအတွင်းရှိ ဘိုး/ဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် အမြင်အာရုံပြန်လည်ကောင်းမွန်လာပြီး အစားအစာများကိုကောင်းမွန်စွာစားသောက်နိုင်ခြင်းကြောင့် ကျန်းမာကြံ့ခိုင်သောလူမှုဘဝကိုပိုင်ဆိုင်နိုင်စေမည်ဖြစ်ကြောင်း သိရသည်။

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ ပက်ထရိုနာ့စ်သည် ပြည်တွင်းသုံးစွဲမှုအတွက် လုံလောက်စွာဖြည့်ဆည်းပေးနိုင်စေရန်နှင့် ရေနံဝယ်ယူရန် ရုရှားနှင့် ညှိနှိုင်းရန်အသင့်ဖြစ်နေကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စနေနေ့တွင် ပြောကြားခဲ့သည်ဟု သယ်စတား သတင်းစာက ဖော်ပြခဲ့သည်။         ယခင်က ရုရှားကို ပိတ်ဆို့အရေးယူခဲ့သော ဥရောပနှင့် အမေရိကနိုင်ငံများစွာသည်ပင် ယခုအခါ ရုရှားရေနံကို ဝယ်ယူနိုင်ရေး ယှဉ်ပြိုင်နေကြကြောင်း အန်ဝါက ထောက်ပြခဲ့သည်။        ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071