Home News Local News မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

0
78

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသပေးခြင်း၊ သွားတုအံကပ်တပ်ဆင်ပေးခြင်း၊ အခမဲ့မျက်စိကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး‌စောင့်ရှောက်မှုပေးခြင်းများပြုလုပ်ပေးရာ မကွေး တိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုမှကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသော ဘိုး/ဘွားများအားတွေ့ဆုံပြီး အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းအတွင်းရှိ ဘိုး/ဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် အမြင်အာရုံပြန်လည်ကောင်းမွန်လာပြီး အစားအစာများကိုကောင်းမွန်စွာစားသောက်နိုင်ခြင်းကြောင့် ကျန်းမာကြံ့ခိုင်သောလူမှုဘဝကိုပိုင်ဆိုင်နိုင်စေမည်ဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here