အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် လာမည့်ရက်များအတွင်း ရုရှားနိုင်ငံကို သွားရောက်မည်ဖြစ်ကာ ခရီးစဉ်အတွင်း သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံမည်ဟု မျှော်လင့်ရကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက စနေနေ့တွင် ပြောကြားခဲ့သည်။
အီရန်စစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်း ထောက်ပံ့ဖြည့်တင်းမှု အကျပ်အတည်းကို ရင်ဆိုင်နေရချိန်တွင် အင်ဒိုနီးရှားသည် ရုရှားရေနံကို အစားထိုးအရင်းအမြစ်တစ်ခုအဖြစ် ဝယ်ယူနိုင်ရေး အလားအလာကို ခရီးစဉ်အတွင်း ဆွေးနွေးမည်ဟု နိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနိုက ပြောကြားခဲ့သည်။
ခရီးစဉ်ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ယခင်က မေးမြန်းခဲ့မှုကို ခေါင်းဆောင်နှစ်ဦးအကြား ဆက်သွယ်မှုများကို ပြင်ဆင်နေကြောင်း ခရမ္မလင်က ပြောကြားထားသည်။
Ref: ရို_က်တာ
