Monday, May 25, 2026

မိုးရာသီ Rice Export Zone...

ယခု မိုးရာသီကာလအတွင်း Rice Export Zone ဖော်ဆောင်ရာတွင် အနည်းဆုံး စိုက်ဧက သုံးသိန်းခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ...

အေးချမ်းလာမှုနှင့်အတူ ကလေးငယ်များ၏ စာအံသံများပြန်ကြားလာတော့မည့် ဖလမ်းမြို့မှစာသင်...

အကြမ်းဖက်အဖွဲ့များ ယာယီထိန်းချုပ်ထားချိန်က ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကျောင်းဖွင့်ချိန်များတွင်ပင် စာသင်ကျောင်းများ၌ကလေးငယ်များ၏ သာယာနာပျော်ဖွယ်ဖြစ်သည့် စာအံသံများပျောက်ဆုံးခဲ့ရသည်။ ထို့ကြောင့် တပ်မတော်က ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်မှစ၍ မြို့အားပြန် လည်ထူတောင်ရေးလုပ်ငန်းများကို...

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန...

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအေးကျော်က ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအား ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့(မေ ၂၅...

DYNA ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ဝင်တိုက်မိပြီး (၂)ဦးဒဏ်ရာရခဲ့မှု...

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ယနေ့ မေ ၂၅ ရက်ညနေ ၄ နာရီ ၁၀ မိနစ်ကျော်ခန့်က DYNA ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကိုဝင်တိုက်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း...
HomeInternationalထရမ့်ပ်ကဟော်မုဇ်တွင် ဂျပန်စစ်သင်္ဘောများကို ဖြန့်ကျက်ချထားစေလို

ထရမ့်ပ်ကဟော်မုဇ်တွင် ဂျပန်စစ်သင်္ဘောများကို ဖြန့်ကျက်ချထားစေလို

မတ် ၁၆ ရက်

အရှေ့အလယ်ပိုင်းတွင် လျင်မြန်စွာ အရှိန်မြင့်လာသော ပဋိပက္ခများသည် ယခုသီတင်းပတ်အတွင်း ကျင်းပမည့် ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချိနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့၏ တွေ့ဆုံမှုကို လွှမ်းမိုးသွားနိုင်ဖွယ်ရှိကြောင်း သိရသည်။

ခေါင်းဆောင်နှစ်ဦးသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် သင်္ဘောတည်ဆောက်ရေးကဏ္ဍတွင် ပိုမိုနက်ရှိုင်းစွာ လက်တွဲရန် မျှော်လင့်ထားကြသော်လည်း ယခုအခါ အခြေအနေမှာ ပြောင်းလဲသွားခဲ့ပြီဖြစ်ပေသည်။

ကြာသပတေးနေ့တွင် အိမ်ဖြူတော်၌ ကျင်းပပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲသည် တာကအိချိကို အခက်တွေ့စေမည်ဖြစ်ပေသည်။ သူသည် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရန်အတွက် တိုကျိုနှင့် အခြားနိုင်ငံများအနေဖြင့် စစ်သင်္ဘောများစေလွှတ်ရန် ထရမ့်ပ်၏ တောင်းဆိုမှုနှင့် ပြည်ပစစ်ဆင်ရေးများတွင် ပါဝင်ခြင်းကို ကန့်သတ်ထားသည့် သူ့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကန့်သတ်ချက်များအကြား ကြားညပ်နေပေသည်။

ပြီးခဲ့သည့်လက အီရန် ကို အမေရိက-အစ္စရေးတို့၏ တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲအနေဖြင့် အရေးပါသော ရေလမ်းကြောင်းရှိ သင်္ဘောအများအပြားကို အီရန်က တိုက်ခိုက်ခဲ့ပြီးနောက် ထရမ့်ပ်အနေဖြင့် ဤတွေ့ဆုံမှုကို အသုံးပြုကာ ဂျပန်ကို မဟာမိတ်တစ်ဦးအနေဖြင့် ပိုမိုတာဝန်ယူရန် ဖိအားပေးလာနိုင်ကြောင်း လေ့လာသူများက ဆိုကြသည်။

ထရမ့်ပ်က လူမှုကွန်ရက်တွင် ရေးသားရာ၌ “ဒီလိုအတုအယောင် ကန့်သတ်မှုတွေကြောင့် ထိခိုက်နေရတဲ့ တရုတ်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ တခြားနိုင်ငံတွေအနေနဲ့ ဒီဒေသကို သင်္ဘောတွေ စေလွှတ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါမှလည်း ဟော်မုဇ်ရေလက်ကြားဟာ ခေါင်းဆောင်ပိုင်း ပြတ်တောက်သွားတဲ့ နိုင်ငံတစ်ခုရဲ့ ခြိမ်းခြောက်မှုကို ခံနေရတော့မှာ မဟုတ်ပါဘူး” ဟု ဖော်ပြခဲ့သည်။

“ထရမ့်ပ်က အီရန်ကိစ္စမှာ အမေရိကဟာ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာရယ်၊ သူ့ရဲ့ မဟာမိတ်တွေက ပခုံးချင်းယှဉ် ရပ်တည်နေတယ်ဆိုတာရယ်ကို ပြချင်နေတာပါ” ဟု တမ်ပယ်တက္ကသိုလ် (တိုကျိုဌာနခွဲ) မှ အာရှရေးရာလေ့လာမှု ဒါရိုက်တာ ဂျက်ဖ် ကင်းစတန်က ပြောသည်။ “ဒါပေမဲ့ တာကအိချိဘက်ကတော့ ထရမ့်ပ်အနေနဲ့ ဂျပန်ရဲ့ စစ်ရေးအရ ကတိကဝတ်ပြုမှုကို ထည့်မပြောလာရင်ပဲ အလွန်ဝမ်းသာနေလိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးရာသီ Rice Export Zone ဖော်ရာတွင် ဧက ၃.၅ သိန်း စိုက်ပျိုးမည်

ယခု မိုးရာသီကာလအတွင်း Rice Export Zone ဖော်ဆောင်ရာတွင် အနည်းဆုံး စိုက်ဧက သုံးသိန်းခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ သိရသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် ဆန်၊ ဆန်ကွဲ တင်ပို့သည့် ထိပ်သီးကုမ္ပဏီ ၃၀ တို့ တွေ့ဆုံသည့် အစည်းအဝေးတွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဇွန်လ ၁၅ ရက်မတိုင်မီ တောင်သူများ၏ လက်ဝယ်သို့ စိုက်ပျိုးစရိတ်များ ပေးအပ်နိုင်ရေး၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် စက်သုံးဆီများကို သင့်တင့်သည့် ဈေးနှုန်းဖြင့် တောင်သူများထံ ရောင်းချပေးနိုင်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ စပါးမျိုးလိုအပ်ချက်များနှင့်...

အေးချမ်းလာမှုနှင့်အတူ ကလေးငယ်များ၏ စာအံသံများပြန်ကြားလာတော့မည့် ဖလမ်းမြို့မှစာသင် ကျောင်းများ ယနေ့ မေ ၂၅ ရက်တွင် ကျောင်းအပ်စ တင်လက်ခံပြီ

အကြမ်းဖက်အဖွဲ့များ ယာယီထိန်းချုပ်ထားချိန်က ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကျောင်းဖွင့်ချိန်များတွင်ပင် စာသင်ကျောင်းများ၌ကလေးငယ်များ၏ သာယာနာပျော်ဖွယ်ဖြစ်သည့် စာအံသံများပျောက်ဆုံးခဲ့ရသည်။ ထို့ကြောင့် တပ်မတော်က ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်မှစ၍ မြို့အားပြန် လည်ထူတောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောက်ရွက်ခဲ့သည့်နည်းတူ အခြေခံပညာစာသင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်လည်း ဦးစားပေးအစီအစဥ်အဖြစ်ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် ယနေ့ မေ ၂၅ ရက်တွင်စ တင်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်း ပထမနေ့၌ ဖလမ်းမြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်း(၄)ကျောင်းနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းလာရောက်အပ်နှံသော ကလေးငယ်များအလွန်များပြားခဲ့သည်။ အဆိုပါ ကလေးငယ်များအား နိုင်ငံတော်ကအခမဲ့ထောက်ပံ့သည့် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခံတံ၊...

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဆန်၊ ဆီ ထောက်ပံ့၊

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအေးကျော်က ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအား ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့(မေ ၂၅ ရက်)က ပုသိမ်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက် တာဝန်ထမ်းဆောင်နေသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်း (၉၁)ဦးအတွက် ဆန်၊ ဆီများ တတ်နိုင်သမျှထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအား မိမိတို့ ဒေသများတွင် တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အရာထမ်းများအနေဖြင့်လည်း မိမိဝန်ထမ်းများအား အမြဲမပြတ်ထိတွေ့၍ ထိန်းကြောင်းကြတ်မတ်ရန်လိုကြောင်း အခက်အခဲများ ရှိပါကလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071