နွေရာသီကျောင်းပိတ်ရက် မျိုးဆက်သစ်ဘောလုံးသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံဘော လုံးသင်တန်းများကို မတ်လမှစတင်၍ အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း အဖွဲ့ချုပ်ထံက သိရသည်။
ယခုနှစ်အတွက် သင်တန်းများကို (၂) သုတ်ခွဲ၍ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ်နှင့် မော်လမြိုင်မြို့ကြီးများတွင် ဖွင်လှစ်သင်ကြားပေးမည်ဖြစ်ကာ ပထမအသုတ်ကို မတ် (၉ ) ရက်မှ ဧပြီ (၈)ရက်၊ ဒုတိယအသုတ်ကို ဧပြီ (၂၀)ရက်မှ မေ (၂၀)ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသ ည်။
သင်တန်းတက်ရောက်သူများအတွက် လေ့ကျင့်ရေးဝတ်စုံများကိုလည်း အခမဲ့ ပေးအပ်သွားမည်ဖြစ်ကာ ရန်ကုန်တွင် သင်တန်းသား (၅၀၀)၊ မန္တလေးတွင် သင် တန်းသား (၄၀၀) ၊တောင်ကြီးတွင် သင် တန်းသား (၂၀၀)၊ ပုသိမ်တွင် သင်တန်း သား (၂၀၀)၊မော်လမြိုင်တွင်သင်တန်းသား (၂၀၀) အသီးသီး လက်ခံသင်ကြားပေးသွားမည်ဖြစ်သည်။
ထို့ပြင် ရန်ကုန်တွင် ဖူဆယ် (Futsal) သင်တန်းလည်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား (၂၀၀) လက်ခံသင် ကြားပေးမည်ဖြစ်ကြောင်း အဖွဲ့ချုပ်၏ အသိပေးချက်တွင် ပါရှိသည်။
ယခုသင်တန်းသည် “Learn-Play-Enjoy” ဆိုသည့် ဆောင် ပုဒ်နှင့်အညီ ကလေးငယ်များ အားကစားစိတ်ဓာတ် ထက်သ န်လာစေရန်နှင့် နွေရာသီ ကျောင်းပိတ်ရက်ကို ပျော်ရွှင်စွာ ကျော်ဖြတ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။
သင်တန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ ကြီးမှူးဖွင့်လှစ်ခြင်းဖြစ်ကာ အဆိုပါ “MFF Summer Football Skills Course 2026” ဖွင့်ပွဲအခမ်းအနားကို ယနေ့ မတ်လ (၁၁)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Academy Artificial Turf ၌ ကျင်းပပြုလုပ်ခဲ့သည်။
