စိုက်ပျိုးရေးဆိုင်ရာ နည်းပညာအသစ်တစ်ခုဖြစ်သည့် တောင်သူကြီး AI ကို ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သုတေသနပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
” တောင်သူကြီး AI ” ကို မြန်မာ့စိုက်ပျိုးရေးလောကအတွက် ထူးခြားသည့် ပြောင်းလဲမှုတစ်ခုဖြစ်ရန် ရည်ရွယ်ကြောင်းလည်း တောင်သူကြီး AI ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောသည်။
အဆိုပါ AI နည်းပညာသည် အခြားသော Chatbot များကဲ့သို့ အထွေထွေသုံး AI နှင့်မတူဘဲ စိုက်ပျိုးရေးကိုသာ အဓိကထားလုပ်ဆောင်မည်ဖြစ်ကြောင်း ဒေါက်တာတင်ထွဋ်က ပြောသည်။
အပင်ရောဂါရှာဖွေခြင်း၊ မြေဆီလွှာခွဲခြမ်းစိတ်ဖြားခြင်းစသည့် ကွင်းဆက်တိုင်းအတွက် အသိပညာပေးရန် ရည်ရွည်ထားကြောင်း သိရသည်။
စိုကိပျိုးရေးပြသာနာများကိုလည်း စာဖြင့်ဖြစ်စေ အသံဖြင့်ဖြစ်စေ မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ Version 1 Beta အနေဖြင့် စတင်လျက်ရှိပြီး နောက်ပိုင်းတွင် ပိုမိုစုံလင်သည့်လုပ်ဆောင်ချက်များဖြင့် Play store တွင် အလွယ်တကူ ဒေါင်းယူနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်းလည်း သိရသည်။
