အီရန်ကို တို-က်ခိုက်ရာတွင် ဝန်ကြီးချုပ် ကီယာစတားမာက အမေရိကကို စစ်ရေးပံ့ပိုးမှုပေးရန် ကနဦးတွင် ဆိုင်းထားခဲ့သောကြောင့် ဗြိတိန်နှင့်ဆက်ဆံရေးသည် ယခင်ကကဲ့သို့ မဟုတ်တော့သည်ကို မြင်တွေ့ရသည်မှာ ဝမ်းနည်းဖွယ်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့သည်။
ပြင်သစ်ကဲ့သို့သော နိုင်ငံများသည် သူ့ကို ပိုမိုထောက်ခံခဲ့ကြပြီး တစ်ချိန်က အခိုင်မာဆုံးဖြစ်ခဲ့သော ဆက်ဆံရေးသည် ဤနည်းဖြင့် ပြောင်းလဲသွားမည်ဟု မည်သည့်အခါကမှ မမျှော်လင့်ခဲ့ကြောင်း မစ္စတာ ထရမ့်ပ်က ပြောကြားခဲ့သည်။
“ဆက်ဆံရေး အရင်လိုမဟုတ်တော့တာကို အထင်အရှားမြင်တွေ့လာရတာဟာ အလွန်ဝမ်းနည်းစရာပါ” ဟု ဗြိတိန်ခေါင်းဆောင်ကို ဝေဖန်ခဲ့သည့် ရက်ပိုင်းအတွင်း မတ်လ ၃ ရက် နေ့က ဗြိတိသျှသတင်းစာတစ်စောင်နှင့် ဒုတိယအကြိမ် အင်တာဗျူးတွင် မစ္စတာ ထရမ့်ပ်က ပြောကြားခဲ့သည်။
ခုခံကာကွယ်ရေးတို-က်ခိုက်မှုများအတွက် ဗြိတိန်စစ်စခန်းများကို အမေရိကကို အသုံးပြုခွင့်ပေးမည်ဟု မစ္စတာ စတားမာက မတ်လ ၁ ရက်နေ့ အနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ အီရန်အပေါ် ကနဦးတို-က်ခိုက်မှုများတွင်မူ ယင်းစစ်စခန်းများကိုမသုံးခဲ့ပေ။
အမေရိကန်ပြည်ထောင်စုအနေဖြင့် အရှေ့အလယ်ပိုင်းတွင် စစ်ခင်းရာ၌ ဗြိတိန်ကို မလိုအပ်ဟု မစ္စတာ ထရမ့်ပ်က ပြောဆိုသော်လည်း “ဒါက အရေးမကြီး တော့ပါဘူး၊ ဒါပေမဲ့ (စတားမာ)က ကူညီခဲ့သင့်တယ်လေ၊ သူ ကူညီခဲ့သင့်တာပေါ့” ဟု သူက ပြောကြားခဲ့သည်။
“ငါဆိုလိုတာက ပြင်သစ်က အရမ်း မိုက်တယ်လေ၊ သူတို့အားလုံး အရမ်း မိုက်ကြတယ်။ ယူကေကတော့ တခြားနိုင်ငံတွေနဲ့ အများကြီးကွာခြားလွန်းခဲ့တယ်” ဟု သူကဆိုသည်။
ထရမ့်ပ်၏ ယခုနောက်ဆုံးမှတ်ချက်များကို တုန့်ပြန်သည့်အနေဖြင့် ဗြိတိန်အကြီးတန်းဝန်ကြီး ဒါရန်ဂျူံးစ်က တိုင်းမ်စ်ရေဒီယိုသို့ ပြောကြားရာတွင် အမေရိက-ဗြိတိန် ဆက်ဆံရေးသည် အရေးပါနေဆဲဖြစ်သော်လည်း ဗြိတိန်သည် ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲတွင် ပါဝင်ပတ်သက်ခဲ့မှုမှ သင်ခန်းစာများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အီရတ်စစ်ပွဲမှ ရရှိသောသင်ခန်းစာမှ ဤအခြေအနေမျိုးတွင် နိုင်ငံတကာနှင့် မဟာမိတ်ဖွဲ့ထားပါက ပါဝင်ပတ်သက်ခြင်းက ပိုကောင်းမွန်ကြောင်း၊ သို့သော် ရှင်းလင်းသော ဥပဒေအခြေခံဖြင့် ပါဝင်ပတ်သက်ခြင်းမျိုးကိုသာ သူကဆိုလိုပါကြောင်း ပြောကြားခဲ့သည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
