Wednesday, May 27, 2026

“ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို...

လူမျိုးအခြေပြုဖက်ဒရယ်မဟုတ်ဘဲ နယ်မြေဒေသအခြေပြု ဖက်ဒရယ်ဖြစ်ရမည်” ဟုဆို“ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ရအောင်တည်ဆောက်မည်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မေ ၂၆...

“KG+9 မသင်မနေရပညာရေး အကောင်အထည်ဖော်မည်”

ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး နိုင်ငံတော်စီစဉ်ဆောင်ရွက်မည်ဟု သမ္မတပြော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မေ ၂၆ ရက်...

လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော်...

လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်...

ကွမ်းခြံကုန်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိငလျင်လှုပ်ခတ်

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ကိုဗဟိုပြု၍ ယနေ့ မေ ၂၆ ရက်ညပိုင်းက အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ ကွမ်ခြံကုန်းမြို့၏ တောင်-အရှေ့တောင်ဘက်(၃၆)မိုင်ခန့်အကွာ၊ အနက်(၁၁)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ...
HomeNewsLocal Newsပေါ်ဆန်းကို ညအချိန်အလင်းရောင်ပေးခြင်းနည်းပညာဖြင့် စိုက်ပျိုးနိုင်ရန်...

ပေါ်ဆန်းကို ညအချိန်အလင်းရောင်ပေးခြင်းနည်းပညာဖြင့် စိုက်ပျိုးနိုင်ရန် စမ်းသပ်သုတေန ပြုလုပ်နေ

ရာသီပေါ်ဆန်းစပါးစိုက်ပျိုးခင်း (အသက် ၇ ရက်ကနေ ၂၅ ရက်သားအတွင်း) ကို ညအချိန် အလင်းရောင်းပေးခြင်းနည်းပညာ (Night -Break) ဖြင့် နောက်ကျစိုက်ပျိုးနိုင်ရန် စမ်းသပ်သုတေသနပြုဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရသည်။

အဆိုပါ နည်းပညာအရ ည ၁၁ နာရီခွဲမှ ၁၂ နာရီခွဲအထိ LED-100 watt အားအသုံးပြု၍ ညအချိန် အလင်းရောင်ပေးခြင်းသည် ပေါ်ဆန်းစပါးကို ရာသီချိန်ကျော်၍ စိုက်ပျိုးနိုင်ခြင်း၊ အထွက်နှုန်းတိုးခြင်းနှင့် အရည်အသွေးကောင်းမွန်ခြင်းစသည့် အကျိုးကျေးဇူးများကို မျှော်မှန်းကာ ဆောင်ရွက်ထားရှိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သုတေသနစိုက်ကွင်းအား နိုဝင်ဘာ ၂၉ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရာသီပေါ်ဆန်းစပါးကို ရေကျနောက်စိုက် စိုက်ပျိုးသည့်ဒေသများတွင် လွန်စွာအသုံးဝင်မည့် စမ်းသပ်ချက်ဖြစ်ကြောင်း၊ ယခုနည်းပညာကို ဆောင်းရာသီနေ့တာတိုကာလတွင် ပန်းပွင့်ခြင်းအား နှောင့်နှေးအောင်ပြုလုပ်နိုင်မည့်အတွက် ပေါ်ဆန်းစပါးကို သာမန်စိုက်ပျိုးချိန်ထက် နောက်ကျစိုက်ပျိုးနိုင်မည်ဖြစ်ပါကြောင်း ဒုတိယဝန်ကြီးက ပြောသည်။၊

စပါးပင်၏ ပင်ပိုင်းကြီးထွားမှုဘဝ (Vegetative Phase) ကို ပိုရှည်စေသည့်အတွက် ပင်ပိုင်းကြီးထွားမှု ပိုကောင်းလာပြီး သာမန်စိုက်ပျိုးချိန်ကဲ့သိုပင် သီးပွင့်၍ အထွက်တိုးစိုက်စနစ် ကျင့်သုံးစိုက်ပျိုးနိုင်ခြင်းကြောင့် အထွက်နှုန်းမြင့်တက်လာမည်ဖြစ်ကာ ရနံ့အရည်အသွေး (2AP) ကိုလည်း ကောင်းစွာထိန်းသိမ်းနိုင်မည်ဖြစ်၍ သုတေသီများအနေဖြင့် အလေးထားစောင့်ကြည့်နေပြီး တွေ့ရှိချက်ခိုင်မာစေရန် အကြိမ်များများစမ်းသပ်ရန် ဒုတိယဝန်ကြီးကပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်မည်” ဟု နိုင်ငံတော်သမ္မတ ပြောကြား“

လူမျိုးအခြေပြုဖက်ဒရယ်မဟုတ်ဘဲ နယ်မြေဒေသအခြေပြု ဖက်ဒရယ်ဖြစ်ရမည်” ဟုဆို“ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ရအောင်တည်ဆောက်မည်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မေ ၂၆ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။“ နိုင်ငံရေးအရ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ရအောင်တည်ဆောက်မည်။ ဖက်ဒရယ်ဆိုရာတွင် နယ်မြေဒေသကိုပေးသည့် ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ်မဟုတ်ကြောင်း” နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ထို့ပြင် တိုင်းပြည်သာယာဝပြောရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ပြည်သူများ အမှန်တကယ်...

“KG+9 မသင်မနေရပညာရေး အကောင်အထည်ဖော်မည်”

ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး နိုင်ငံတော်စီစဉ်ဆောင်ရွက်မည်ဟု သမ္မတပြော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မေ ၂၆ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။ ကျောင်းအပ်ရာသီရောက်ရှိလာပြီဖြစ်သဖြင့် KG+9 အထိ မသင်မနေရပညာရေးစနစ် အကောင်အထည်ဖော်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်ပညာသင်ကြားနိုင်ရေးတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ပညာရေးကို အားပေးမှသာ ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သည်။ ကျောင်းပညာရေးကို အားမပေးပါက နောင်အနာဂတ်တွင် ကလေးငယ်များ၏ ဘဝလမ်းခရီး ခက်ခဲလာနိုင်သည်ကို သတိပြုရမည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ထို့ပြင် တစ်နိုင်ငံလုံး၏...

လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတပြော

လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် မည်သို့ပင်ဖိတ်ခေါ်ကမ်းလှမ်းနေသည်ဖြစ်စေ လက် နက်ကိုင်အဖွဲ့များအနေဖြင့် ယုံကြည်ချက်၊ ခံယူချက်ရှိစွာဖြင့် အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုစိတ်၊ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရန်လိုအပ်မည်ဟု ပြော သည်။ " နိုင်ငံရေးအရ၊ လုံခြုံရေးအရ၊ စီးပွားရေးအရ အား နည်းချက်တွေဖြစ်ပေါ်နေတာကို အလေးထားပြီးပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်ရပါမယ်။ မိမိတို့အစိုးရအ နေနဲ့ ကောင်းမွန်တဲ့ ဦးဆောင်မှုတွေနဲ့ နိုင်ငံရေးအား၊ စီး ပွားရေးအား၊ ကာကွယ်ရေးအားတွေတိုးတက်လာစေဖို့၊ နိုင်ငံတကာမျက်နှာစာမှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071