တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၌ ရာသီဥတုအခြေအနေကြောင့် ပြိုင်ပွဲဝင်မီးပုံးများ လွှတ်တင်နိုင်မှုမရှိသေးကြောင်း သိရသည်။
“မနေ့က မြူတွေပိတ်နေလို့ ညမီးကြီးနှစ်လုံးလောက်ပဲ လွှတ်တင်နိုင်ခဲ့တယ်၊ နှစ်ရက်လောက်ရှိပြီ မိုးရွာတာနဲ့ မြူပိတ်တာက” ဟု မြို့ခံတစ်ဦးက ပြောသည်။
မလွှတ်တင်နိုင်ခဲ့သည့် မီးပုံးပျံများကို ယနေ့ နိုဝင်ဘာ (၃)ရက်၌ ထည့်သွင်းလွှတ်တင်ရန် စီစဉ်ထားသော်လည်း ရာသီဥတုအခြေအနေကို စောင့်ကြည့်ရဦးမည်ဟုလည်း သိရသည်။
ဓာတ်ပုံ- လူမှုကွန်ရက်
