Wednesday, July 29, 2026

စာကြည့်တိုက်ပညာရှင် ဆရာကြီး စည်သူ ဦးသော်ကောင်း...

ရန်ကုန်၊ဇူလိုင်-၂၉ မြန်မာနိုင်ငံ စာကြည့်တိုက်နှင့် စာပေလောကတွင် ထင်ရှားသည့် စာကြည့်တိုက်ပညာရှင်၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း (MLA) ၏ နာယကကြီး စည်သူ ဦးသော်ကောင်းသည် ယနေ့...

ASEAN Hyundai Cup 2026...

ASEAN Hyundai Cup 2026 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားလျက်ရှိသော ဖိလစ်ပိုင်အမျိုးသားဘောလုံးအသင်းနှင့် မြန်မာအမျိုးသားဘောလုံးအသင်းတို့၏ ပွဲစဉ်တွင် ပထမပိုင်း (HT) ပြီးဆုံးချိန်၌...

နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်မယ်လို့...

ချဒ်နိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်ဖို့ စီစဉ်နေကြောင်း တနင်္လာနေ့မှာ ကြေညာခဲ့ပြီး နောက်ဆုံး နှုတ်ထွက်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။ ခုံရုံးရဲ့...

ရထားစီးခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉...

နေပြည်တော်၊ ဇူလိုင် ၂၈ ရထားခရီးစဉ်များ ချောမွေ့လုံခြုံစေရေးအတွက် စီးနင်းသူခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက်ကို ORTP က ထုတ်ပြန်ခဲ့ပြီး ဖောက်ဖျက်ပါက...
HomeNewsLocal Newsပေါ်ဆန်းမွေးကို ဧရာဝတီတိုင်း၏ Brand...

ပေါ်ဆန်းမွေးကို ဧရာဝတီတိုင်း၏ Brand တစ်ခုအဖြစ် ဆောင်ရွက်ရမည်

ပေါ်ဆန်းမွေးကို ဧရာဝတီတိုင်း၏ Brand တစ်ခုအဖြစ် ဆောင်ရွက်ရမည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၁၉ ရက်မွန်းလွဲပိုင်းက ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဧရာဝတီတိုင်းကထွက်တဲ့ ပေါ်ဆန်းမွေးဟာ အမှန်ကတယ်ကောင်းမွန်တဲ့ အမျိုးအစားဖြစ်တာကြောင့် အဲဒီ ပေါ်ဆန်းမွေးကို တိုင်းဒေသကြီးရဲ့ Brand တစ်ခုအဖြစ် ဆောင်ရွက်ရပါမယ်”ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းအတွင်းစိုက်ပျိုးသည့် စပါးများ၏ Eating Quality များ ကောင်းမွန်ရန်၊ အရေအတွက် ပိုမိုတိုးတက်ထုတ်လုပ်ရန်၊ စိုက်ပျိုးရေးလုပ်ငန်းသည် ဧရာဝတီတိုင်း၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်၍ အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်ရန်၊ အထွက်နှုန်းများကောင်းမွန်အောင်ဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

” အထွက်နှုန်းပန်းတိုင်ရည်မှန်းချက်အနေနဲ့ မိုးစပါးတင်း(၁၀၀)၊ နွေစပါးတင်း(၁၁၀)ထားရှိပါတယ်။ ဒါကြောင့် စိုက်ပျိုးဧကတွေမှန်ကန်ဖို့နဲ့ အထွက်နှုန်းတွေတိုးတက်မှုရှိဖို့လိုပါတယ်။ ဧရာဝတီတိုင်းက လယ်စိုက်ပျိုးမြေရဲ့ (၁၀)ရာခိုင်နှုန်းခန့်ဟာ ရေနက်ကွင်းတွေဖြစ်တာကြောင့် အဲဒီ ရေနက်ကွင်းတွေကို မြေပြုပြင်တဲ့ လယ်စပါးစိုက်ပျိုးတာနဲ့ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းတွေဆောင်ရွက်ကြရပါမယ်”ဟု ယာယီသမ္မတကက ပြောသည်။

လယ်မြေများအား ဧကကွက်များအဖြစ် ဖော်ထုတ်နိုင်ပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကာ စပါးစိုက်ပျိုးမှုများကို ယခုထက်ပိုမိုတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ရန်၊ စပါးစိုက်ပျိုးမှုများကို ပင်ကြား၊ တန်းကြားမှန်မှန်ကန်ကန်နှင့် ကောက်ကွက်ပြည့်မီအောင်ဆောင်ရွက်ရန်၊ လယ်မြေများအားမြေပြုပြင်စိုက်ပျိုးရန်၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်ရန်တို့ကိုလည်း ယာယီသမ္မတက မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စာကြည့်တိုက်ပညာရှင် ဆရာကြီး စည်သူ ဦးသော်ကောင်း အသက် ၈၉ နှစ်အရွယ်တွင် ကွယ်လွန်

ရန်ကုန်၊ဇူလိုင်-၂၉ မြန်မာနိုင်ငံ စာကြည့်တိုက်နှင့် စာပေလောကတွင် ထင်ရှားသည့် စာကြည့်တိုက်ပညာရှင်၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း (MLA) ၏ နာယကကြီး စည်သူ ဦးသော်ကောင်းသည် ယနေ့ ဝါဆိုလပြည့်နေ့ နံနက် ၅နာရီ ၂၇ မိနစ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် အသက် (၈၉) နှစ်ရှိပြီဖြစ်သည့် ဆရာကြီး ဦးသော်ကောင်းသည် မြန်မာနိုင်ငံ၏ စာကြည့်တိုက်ပညာရပ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရှေးဟောင်းပေစာ၊ ပရပိုက်စာများနှင့် အဖိုးတန်စာပေအမွေအနှစ်များ ရေရှည်ထိန်းသိမ်းရေးတို့အတွက် ဘဝတစ်လျှောက်လုံး စနစ်တကျ ကြိုးပမ်းအားထုတ်ခဲ့သူ ဖြစ်သည်။ ဆရာကြီးသည် ရန်ကုန်တက္ကသိုလ်တွင် စာကြည့်တိုက်ပညာဌာနကို စတင်တည်ထောင်ရာ၌...

ASEAN Hyundai Cup 2026 ပထမပိုင်းအပြီးတွင် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ၀-၂ ဂိုးဖြင့် ဦးဆောင်ထား

ASEAN Hyundai Cup 2026 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားလျက်ရှိသော ဖိလစ်ပိုင်အမျိုးသားဘောလုံးအသင်းနှင့် မြန်မာအမျိုးသားဘောလုံးအသင်းတို့၏ ပွဲစဉ်တွင် ပထမပိုင်း (HT) ပြီးဆုံးချိန်၌ မြန်မာအသင်းက ၀-၂ ဂိုးဖြင့် ဦးဆောင်ထားသည်။ ပွဲစတင်သည်မှစ၍ နှစ်ဖက်စလုံး အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြသော်လည်း မြန်မာအသင်းက ရရှိသော အခွင့်အရေးများကို ထိရောက်စွာ အသုံးချကာ ပထမပိုင်းအတွင်းမှာပင် ဦးဆောင်ဂိုး ၂ ဂိုး စတင်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်အသင်းသည် ပထမပိုင်း ချေပဂိုးပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာအသင်း၏ ခံစစ်နှင့် ဂိုးသမားတို့၏ ကာကွယ်မှုကြောင့် ဂိုးမရရှိဘဲ ပထမပိုင်းကို...

နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်မယ်လို့ ချဒ်နိုင်ငံ ကြေညာ

ချဒ်နိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်ဖို့ စီစဉ်နေကြောင်း တနင်္လာနေ့မှာ ကြေညာခဲ့ပြီး နောက်ဆုံး နှုတ်ထွက်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။ ခုံရုံးရဲ့ ထိရောက်မှုဟာ "ကန့်သတ်ချက်ရှိပြီး ညီမျှမှုမရှိဘူး" လို့ တိုင်ကြားခဲ့သလို ခုံရုံးရဲ့ လုပ်ဆောင်ချက်တွေဟာ အာဖရိကအပေါ်မှာပဲ ဗဟိုပြုနေတယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ ဒီလို‌ကြေညာတာဟာ အမေရိကန်ရဲ့ လှုပ်ရှားမှုအပြီးမှာ ထွက်ပေါ်လာတာပါ။ အမေရိကန်ဟာ ဒီလအစောပိုင်းတုန်းက ICC ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ် ကြေညာခဲ့ပြီး အရေးယူပိတ်ဆို့မှုတွေ ပိုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့သလို ICC ဟာ "အမေရိကန်ရဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071