တပ်မတော်မှ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် အခြေခံပညာကျောင်းများအားပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အောက်တိုဘာ ၁၈ ရက်အထိ ကျောင်း(၆)ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကို အောက်တိုဘာ ၈ ရက်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းကို အောက်တိုဘာ ၁၅ ရက်၊ အခြေခံပညာအထက်တန်းကျောင်း(နောင်ပိန်)ကို အောက်တိုဘာ ၁၆ ရက်၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းကို အောက်တိုဘာ ၁၇ ရက်၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းကို အောက်တိုဘာ ၁၈ ရက်တို့တွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာ ၁၈ ရက်က ကျောင်းသား၊ ကျောင်းသူ (၁၃၆) ဦးထပ်မံကျောင်းအပ်နှံသဖြင့် ယင်း ကျောင်း(၆)ကျောင်းတွင် လက်ရှိအချိန်အထိ ကျောင်းသား၊ ကျောင်းသူ (၄,၀၂၄) ဦးတက်ရောက်သင်ကြားလျက်ရှိကာ ၎င်းတို့အား ပညာရေးဝန်ကြီးဌာနမှ ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
