အမေရိကန်ပြည်ထောင်စုသို့ အသွားအပြန် ပျံသန်းကြသည့် လေယာဉ်ခရီးစဉ်လမ်းကြောင်းများကို ရုရှားဝေဟင်ပေါ် မှ ဖြတ်ကျော်ပျံသန်းခြင်းမပြုရန် ပိတ်ပင်မည့် ထရမ့်ပ်အစိုးရအဖွဲ့၏ အဆိုပြုချက်ကို ပြန်ရုပ်သိမ်းရန် တရုတ်နိုင်ငံ၏ အဓိကလေကြောင်းလိုင်းများက ထရမ့်အစိုးရကိုတိုက်တွန်းခဲ့ပြီး ယင်းလုပ်ရပ်သည် ပျံသန်းချိန်၊ လေယာဉ်ခနှင့် ခရီးလမ်းကြောင်းအနှောင့်အယှက်များကို ပိုတိုးလာစေလိမ့်မည်ဟု သတိပေးခဲ့ကြသည်။
ရုရှားအပေါ် ချမှတ်ထားသော ပိတ်ဆို့ဒ-ဏ်ခတ်မှုများအရ အမေရိကန်လေကြောင်းလိုင်းများကို ရုရှားဝေဟင်ပေါ်မှ ဖြ-တ်ကျော်ပျံသန်းခြင်း မပြုရန် ပိတ်ပင်ထားရာ ယင်းကန့်သတ်ချက်က တရုတ်လေကြောင်းလိုင်းများကို အသာစီးရစေသဖြင့် မမျှတဟူသော စောဒကတက်မှုများကြောင့် အမေရိကန်သယ်ယူပို့ဆောင်ရေးဌာန(ယူအက်စ်ဒီအိုတီ) က ပြီးခဲ့သော သီတင်းပတ်တွင် အဆိုပါ ကန့်သတ်ချက်ကို အဆိုပြုခဲ့ခြင်းဖြစ်သည်။
ချိုင်းနားအီစတန်၊ အဲရ်ချိုင်းနား နှင့် ချိုင်းနား ဆော့သန်း အပါအဝင် တရုတ်လေကြောင်းလိုင်းခြောက်ခုက ယူအက်စ်ဒီအိုတီကို ကန့်ကွက်လွှာတင်ခဲ့ရာတွင် အဆိုပါအစီအစဉ်သည် လေကြောင်းပြေးဆွဲမှုများကို ဆိုးရွားစွာ အနှောင့်အယှက်ဖြစ်စေလိမ့်မည်ဟု ပြောကြားခဲ့ကြသည်။
အဆိုပါ ပိတ်ပင်မှုကအဓိကခရီးစဉ်လမ်းကြောင်းများကို အချိန်နှစ်နာရီမှ သုံးနာရီအထိ ပို၍ရှည်ကြာစေမည်ဖြစ်သကဲ့သို့ အဆက်အသွယ်ပြ-တ်တေ-ာက်နိုင်သည့် အန္တရာယ်တိုးလာစေကာ လောင်စာဆီကုန်ကျစရိတ်သည်လည်း သိသိသာသာမြင့်တက်သွားနိုင်ကြောင်း ချိုင်းနားအိစတန် လေကြောင်းလိုင်းက ပြောကြားခဲ့သည်။
ယင်းအဆိုပြုချက်သည် နှစ်နိုင်ငံစလုံးရှိ ခရီးသည် အတော်များများကို ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း အဲရ်ချိုင်းနားနှင့် ချိုင်းနားဆော့သန် လေကြောင်းလိုင်းများက ပြောကြားခဲ့ကာ ခရီးသွားအထွတ်အထိပ်ကာလဖြစ်သော နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ခရီးသွား ၂,၈၀၀ ခန့်သည် ပြန်လည်ဘွတ်ကင်လုပ်ရန် လိုအပ်လိမ့်မည်ချိုင်းနားဆော့သန်းက ခန့်မှန်းခဲ့သည်။
ရုရှားလေကြောင်းလိုင်းများအပေါ် ဝါရှင်တန်က ဝေဟင်ပိုင်နက်ဖြတ်သန်းခွင့် ပိတ်ပင်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် ရုရှားသည် ယူအက်စ်နှင့် အနောက်နိုင်ငံလေကြောင်းလိုင်းများစွာကို ၎င်း၏ ဝေဟင်ပိုင်နက် အသုံးပြုခွင့်ကို ပိတ်ပင်ထားခဲ့သည်။ တရုတ်လေကြောင်းလိုင်းများသည် ယင်းပိတ်ပင်ချက်ကို ကင်းလွတ်ခွင့်ရခဲ့သဖြင့် ပြိုင်ဘက်အမေရိကန်လေကြောင်းလိုင်းများ အသုံးပြုခွင့်မရသည့် ခရီးစဉ်တို့ နှင့် ဈေးသက်သော လမ်းကြောင်းများမှတဆင့် အကျိုးအမြတ်များရရှိခဲ့သည်။
Ref: စီအင်န်အေ
