ယခုနှစ် သီတင်းကျွတ်ပွဲတော်တွင် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်သို့ ဘုရားဖူးပြည်သူ (၄၀,၀၀၀) ကျော်လာရောက် ဖူးမြော်ကြည်ညိုခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
ကျိုက်ထီးရိုးစေတီ ဘုရားပွဲတော်ကို သီတင်းကျွတ်လပြည့်မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလေ့ရှိပြီး နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့၌ ဘုရားပွဲတော်၏ဖွင့်ပွဲကို ကျင်းပလေ့ရှိသည်။
ယခုနှစ်တွင် ဘုရားဖူးပေါင်း (၄၀,၀၀၀)ကျော်လာရောက်ဖူး မြော်ကြည်ညိုခဲ့ပြီး ယင်းပမာဏသည် ၂၀၂၄ ခုနှစ် သီတလင်းကျွတ်ကာလနှင့် နှိုင်းယှဉ်ပါက (၃)ဆဝန်းကျင်ပိုမိုများပြားကြောင်း သိရသည်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူး သီတင်းကျွတ်ကာလ၊ တန်ဆောင်တိုင်ပွဲတော် ကာလနှင့် ဒီဇင်ဘာ နှစ်သစ်ကူးကာလတို့တွင် ဘုရားဖူးများပြားကြောင်း သိရသည်။
