ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့၌ အစိုးရ၏ အုပ်ချုပ်ရေး ယန္တယားများဖြစ်သည့် ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်နေပြီး ယမန်နေ့ အောက်တိုဘာ(၈)ရက်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းကို စတင်ဖွင့်လှစ်ကာ ကျောင်းအပ်လက်ခံခြင်းများလည်း ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ကျောင်းလာရောက်အပ်နှံသည် ကျောင်းသား၊ ကျောင်းသူ (၈၆၃)ဦး အပ်နှံခဲ့ပြီး စုစုပေါင်း ကျောင်းသားကျောင်းသူ (၁၀၄၂)ဦး ပညာသင်ကြားနေကာ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ ၊ စာရေးကိရိယာများ နှင့် ထောက်ပံ့ပစ္စည်းများကိုလည်း ပေးအပ်ခဲ့ကြောင်း ပညာရေးဝန်ကြီး ဌာနထံမှ သိရသည်။
ထို့ပြင် ကျောက်မဲမြို့ဒေသခံများအား အိမ်ထောင်စုစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးနေကြောင်းလည်း သိရသည်။
ထို့ပြင် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မ တော်မှ ဆရာဝန်များ သူနာပြုများ ပူးပေါင်း၍ လာဘမုနိတ ရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ် ကုသမှုများဆောင်ရွက်နေပြီး ပြင်ပလူနာ(၁၀၅)ဦး နှင့် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာ(၂)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း သိရသည်။
