မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စာစေတီဘုရားပရဝုဏ်အတွင်းရှိ သံ၊ ဂုဏ်၊ ပ၊ မ ဆုတောင်းပြည့်စေတီတော်နှင့် အောင်ချမ်းသာဆုတောင်းပြည့်စေတီတော်တို့အား ယနေ့ အောက်တိုဘာ ၃ ရက်နံနက်ပိုင်းက ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် စိန်ဖူးတော်တင်လှူပူဇော်ခဲ့သည်။
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်၍ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအား စိန်ဖူးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သံ၊ ဂုဏ်၊ ပ၊ မ ဆုတောင်းပြည့်စေတီတော်နှင့် အောင်ချမ်းသာ ဆုတောင်းပြည့်စေတီတော်တို့အား ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့အား တင်လှူပူဇော်ခဲ့ကြသည်။
