ပြင်ဦးလွင်မြို့နယ်ရှိ ရှစ်ထပ်ရေတံခွန်တွင် ရေကစားစဉ် ပြု-တ်ကျပျေ-ာက်ဆုံးနေသည့် အမျိုးသမီး (၂)ဦးကို ယနေ့တွင် ဆက်လက်ရှာဖွေနေသည်ဟု သိရသည်။
ယမန်နေ့ စက်တင်ဘာလ (၂၉)ရက်က လူ (၁၄)ဦးပါ အဖွဲ့သည် (၈)ထပ်ရေတံခွန်သို့ သွားရောက်ရေကစားကြစဉ် တောင်ကျချောင်းရေရုတ်တရက် ကျဆင်းလာမှုကြောင့် လူ(၅)ဦး ပြု-တ်ကျခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ညကပင် ရုရှားနိုင်ငံသားတစ်ဦးကို အသက်ရှင်လျက်ကယ်တင်နိုင်ပြီး အမျိုးသမီး ရုပ်အလောင်း (၂) ခုအား တွေ့ရှိပြီး ဖြစ်ကာ ပျောက်ဆုံးနေသူနှစ်ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။
(၈)ထပ်ရေတံခွန်သည် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ အုန်းနှဲရေအရှေ့ ကျေးရွာတွင် တည် ရှိပြီး ရှာဖွေကယ်ဆယ်မှုများကို ပုသိမ်ကြီးမြို့နယ် မီးသ-တ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) တို့က ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
