မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ် စု၊ အုန်းနှဲရေအရှေ့ကျေးရွာရှိ (၈)ထပ်ရေတံခွန်တောင်သို့ ယနေ့ စက်တင်ဘာ ၂၉ ရက်နေ့လည် ၃ နာရီခွဲခန့်ကသွားရောက်ရေကစားသူ(၁၄)ဦးအနက် (၅)ဦးမှာ (၃) ထပ်ရေတံခွန်သို့ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသဖြင့် ညနေ့ ၅ နာရီတွင် ပြုတ်ကျသူ(၅)ဦးအနက် ရုရှားနိုင်ငံ သား(၁)ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်ရှာဖွေမှုများပြုလုပ်ရာ ည ၆ နာရီကျော်ခန့်တွင် အမျိုးသမီး(၂)ဦးအား သေဆုံးလျက်ပြန် လည်တွေ့ရှိခဲ့ရပြီး ကျန်ရှိသူ(၂)ဦးကိုဆက်လက်ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
