စစ်ကိုင်းခရိုင်/မြို့နယ်မီးသ-တ်တပ်ဖွဲ့မှ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးချိန်၌ အသက်ရှင်လျက်ကယ်ဆယ်နိုင်သူများကို မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၆)လပြည့်ဖြစ်သည့် ယနေ့ စက်တင်ဘာ ၂၈ ရက်နံနက်ပိုင်းက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြသည်။
အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သည့် “မွှေးကြူ”အအေးဆိုင်မှ နော်လေ့တာဖောနှင့် “တိုးတက်အောင်”ကွန်ပျူတာဆိုင်မှ ဦးကျော်သူရတို့အား အမှတ်တရလက်ဆောင်ပစ္စည်းနှင့်မီးသ-တ်ဆေးဗူးများကိုပေးအပ်ခဲ့ကြသည်။
စစ်ကိုင်းခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသ-တ်တပ်ဖွဲ့ဝင်များသည် မန္တလေးငလျင်ဘေးကယ်ဆယ်ရေး၌ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ အသက်ရှင်လျက်ဖြင့် (၃၇)ဦးကိုရှာဖွေဖော်ထုတ်ကယ်ဆယ်ပေးနိုင်ခဲ့ကြသည်။
