ကြည့်မြင်တိုက်ဗားကရာမှာ သီတင်းကျွတ်မီးပုံးဈေးကွက်စနေပါပြီ။ မီးပုံး တလုံး ထောင့်ငါးရာကနေတသောင်း အထိဈေးအစားစားရှိပါတယ်။ ခလေး တွေကော လူကြီးတွေကော လာဝယ်နေကြပါပြီ။
မီးပုံးအကြီးက ခုနှစ်ထောင်၊မီးပုံးတွန်းလှည်းကငါးထောင် ခေါ်ရောင်းနေကြပါတယ်။ ဆိုလာ မီးအလှ လျှပ်စစ်မီးအလှ ဘယ်လောက်ရှိရှိ ရှေးက ဘိုးဘေးတွေ ပျော်ခဲ့တဲ့အပျော်ကို ခံစားဖို့ အပြင် ရိုးရာယဥ်ကျေးမှု့ မီးပုံး တွေကို ကျန်ရှိနေအောင် အားပေးတတ်ဖို့လည်း လိုပါတယ်။
ဗီယက်နမ်၊ ဒါနန်းက မီးပုံးအလှ တွေရဲ့ ကမ္ဘာကျော်မှုကို အားကျမခံ မြန်မာ့မီးပုံးလှလှတွေကို ထုတ်ကြ အားပေးကြရမှာပါ။
