ရုရှားနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စက်တင်ဘာ ၂၆ ရက်ညနေပိုင်းက ရုရှားနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌တွေ့ဆုံစဥ် အထက်ပါအတိုင်းမှာကြားခဲ့ခြင်းဖြစ်သည်။
ရေခြားမြေခြားတွင် တာဝန်ထမ်းဆောင်ပညာသင်ကြားနေကြရသည်ကို နားလည်သဘောပေါက်ပြီး လိုအပ်သည်များကို အခါအခွင့်ကြုံသည့်အခါတိုင်းဖြည့်ဆည်းပေးလျက်ရှိ၍ ကျရာတာဝန်များကိုထမ်းဆောင်ရာတွင် မိမိကိုယ်ကိုယ်သစ္စာရှိရန်၊ မိမိအလုပ်အပေါ်သစ္စာရှိရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်သစ္စာရှိရန်လိုသည်ဟု မှာ ကြားသည်။
” ငွေကုန်ကြေးကျခံပြီး အနာဂတ်နိုင်ငံတော်အတွက် လူသားအရင်းအမြစ်တွေရရှိနိုင်ဖို့ ပညာတော်သင်စေလွှတ်ခဲ့ခြင်းဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ကျေးဇူးကို မမေ့ဖို့၊ နိုင်ငံတော်ရဲ့ ကောင်းရာကောင်းကျိုးတွေကို ပြန်လည်ထမ်းဆောင်ကြဖို့လိုပါတယ်။ မိမိတို့ကျရာတာဝန်တွေကိုကျေပွန်စွာထမ်းဆောင်ပြီး အနာဂတ်နိုင်ငံတော်အကျိုးကို တတ်စွမ်းတဲ့ဘက်က ဖော်ဆောင်သွားကြဖို့လိုပါတယ်”ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတက ပြော သည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ပြည်ပနိုင်ငံများသို့ ပ ညာတော်သင်သင်တန်းသားများစေလွှတ်ပေးလျက်ရှိခြင်းသည် အနာဂတ်နိုင်ငံတော်တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းများရရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်၍ မိမိကိုယ်ကိုတန်ဖိုးထားရန်၊ မိမိကိုယ်တိုင်နှင့် နိုင်ငံတော်အတွက် ပိုမိုကြိုး ပမ်းဆောင်ရွက်ရန် မှာကြားသည်။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာတွင်ကျင်းပသည့် အခြားထိပ်သီးအစည်းအဝေးများကိုတက်ရောက်ဆွေးနွေးလျက်ရှိရာ နိုင်ငံတကာအခမ်းအ နားများတက်ရောက်ခွင့်ရခြင်းသည် မိမိတို့နိုင်ငံအတွက်ကောင်းမွန်သည့်အကျိုးရလဒ်များကိုရရှိစေရာ သံရုံး၊ စစ်သံရုံး မိသားစုများအနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် ပကတိအခြေအနေမှန်များကို သိရှိနားလည်ရမည်ဟုလည်း မြန်မာနိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။
