Wednesday, December 17, 2025

ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေး ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်တို့ ဆွေးနွေး

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဆွေးနွေး (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အစားအစာပြပွဲ နှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို...

ရန်ကုန်စတော့အိပ်ချိန်း၊ စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့်ASPGB က...

ရန်ကုန်စတော့အိပ်ချိန်း၏ Pre Listing Board (PLB) စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ASPGB (G.B.S Agricultural Service Public Company...

ငွေကြေးအရင်းအနှီးလိုအပ်နေသော ဆီစက်ပိုင်ရှင်များအား တစ်နှစ်လျှင် အတိုးနှုန်း...

ကျပ်သိန်း ၁၀,၀၀၀ အထိ ချေးယူလိုပါက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ တို-က်ရို-က်လျှောက်ထားနိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လမ်းညွှန်မှုဖြင့်...

ရုပ်ရှင်နှင့် ပတ်သက်သည့် လုပ်ငန်းအမျိုးအစား (၆)...

ရှပ်ရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရုပ်ရှင်နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကိုလည်း ၂၀၂၅ ခုနှစ်...
HomeNewsLocal Newsပုဂံမြို့ရှိ ငလျင်ဒဏ်သင့်စေတီပုထိုး(၇၂)ဆူကို အိန္ဒိယနိုင်ငံ၏...

ပုဂံမြို့ရှိ ငလျင်ဒဏ်သင့်စေတီပုထိုး(၇၂)ဆူကို အိန္ဒိယနိုင်ငံ၏ ASI က အဆင့်(၃)ဆင့်ဖြင့်ထိန်းသိမ်းပြုပြင်လျက်ရှိ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေရှိ ငလျင်ဒဏ်သင့်စေတီပုထိုး(၇၂)ဆူကို အိန္ဒိယနိုင်ငံ၏ Archaeological Survey of India (ASI)မှ အဆင့်(၃)ဆင့်ဖြင့်ထိန်းသိမ်းပြုပြင်လျက်ရှိရာ စီမံကိန်းပထမအဆင့်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင်ပြီးစီးခဲ့သည်။

ထိုသို့ ပထမအဆင့်ပြုပြင်ထိန်းသိမ်းပြီးခဲ့သော စေတီပု ထိုး(၁၁)ဆူ လုပ်ငန်း(၂၂)ခုအား ပုဂံမြို့တွင် မြန်မာနိုင် ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်တို့ရှေ့မှောက်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့ပြင် ဒုတိယအဆင့်ဖြစ်သော ငလျင်ဒဏ်ခံရသည့် စေတီပုထိုး(၅၀)ခန့်၏ တည်ဆောက်ပုံဆိုင်ရာ ထိန်း သိမ်းခြင်း၊ ဓာတုဗေဒဆိုင်ရာထိန်းသိမ်းခြင်းနှင့် ပြန် လည်ပြုပြင်ခြင်းလုပ်ငန်းများကိုလည်း ASI အဖွဲ့ဝင် (၄)ဦးမှ ယခုနှစ် စက်တင်ဘာလတွင်စတင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ငလျင်ဒဏ်သင့်စေတီပုထိုး(၇၂)ဆူကို အဆင့်(၃) ဆင့်ဖြင့်ထိန်းသိမ်းပြုပြင်ခြင်းမှာ မြန်မာနိုင်ငံ၏ အဖိုးမဖြတ်နိုင်သော ဘာသာရေးဆိုင်ရာအမွေအနှစ်များကို ရေရှည်ထိန်းသိမ်းရန်၊ အိန္ဒိယနိုင်ငံနှင့် မြန်မာပြည်သူ များကြား ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဆက်နွယ်မှုများခိုင်မာစေရန် အိန္ဒိယအစိုးရမှဆောင် ရွက်လျက်ရှိခြင်းဖြစ်သည်။

ထို့ပြင် အိန္ဒိယနိုင်ငံသည် grants-in-aid စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာသန်း(၄၀၀)ကျော်၊ သယ် ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ အိုင်တီ၊ ကျန်းမာ ရေးစောင့်ရှောက်မှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ ဘေးအန္တ ရာယ်လျှော့ချရေး၊ ကျေးလက်ဒေသအခြေခံအ ဆောက်အအုံနှင့် စွမ်းရည်မြှင့်တင်ရေးစီမံကိန်း အမျိုးမျိုးအတွက် အမေရိကန်ဒေါ်လာသန်း(၇၅၀)ခန့်ကို သက်သာသောအတိုးနှုန်းဖြင့် မြန်မာနိုင်ငံကိုပေးအပ်ခဲ့သည်။

ထို့အတူ အိန္ဒိယနိုင်ငံသည် လာမည့်နှစ်များတွင် မြန်မာပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာလိုအပ်ချက်များ ကိုဖြည့်ဆည်းပေးရန် တိုင်းနှင့် ပြည်နယ်များရှိ ကဏ္ဍအသီးသီးတွင်ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေး ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်တို့ ဆွေးနွေး

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဆွေးနွေး (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အစားအစာပြပွဲ နှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ဒီဇင်ဘာ(၁၃)ရက်နေ့မှ (၁၆)ရက်ထိ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံအလိုက် ခရီးသွားဧည့်သည်ဝင်ရောက်မှုများ...

ရန်ကုန်စတော့အိပ်ချိန်း၊ စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့်ASPGB က ယနေ့တွင် အစုရှယ်ယာများ စတင်ရောင်းချ

ရန်ကုန်စတော့အိပ်ချိန်း၏ Pre Listing Board (PLB) စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ASPGB (G.B.S Agricultural Service Public Company Limited) အနေဖြင့် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်း၏ စျေးကွက်ပေါ်တွင် အစုရှယ်ယာများစတင်ရောင်းချပေးသွားမည်ဖြစ်သည်။ ဂျီဘီအက် (စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (ASPGB) ၏ မှတ်ပုံတင်မည့်နေ့ရက်ရှိ အခြေခံစျေးနှုန်း၊ အမြင့်ဆုံး/အနိမ့်ဆုံးစျေးနှုန်း သတ်မှတ်ချက်နှင့် တစ်ချက်ခုန်စျေးနှုန်း တို့မှာ အောက်ပါအတိုင်း ဖြစ်သည်။ အခြေခံစျေးနှုန်းအနေဖြင့် ကျပ် ၁၀,၀၀၀ ဖြစ်ပြီး...

ငွေကြေးအရင်းအနှီးလိုအပ်နေသော ဆီစက်ပိုင်ရှင်များအား တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ချေးမည်

ကျပ်သိန်း ၁၀,၀၀၀ အထိ ချေးယူလိုပါက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ တို-က်ရို-က်လျှောက်ထားနိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့သည် ပြည်တွင်းရှိဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီး လည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို မြန်မာ့စီးပွားရေး ဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၄) ဘဏ်တို့မှ ထုတ်ချေးပေးလျက်ရှိသည်။ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို အောက်ပါအချက်များနှင့် ညီညွတ်ပါက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071