ယခု ဘဏ္ဍာနှစ်၏ (၅) လတာကာလအတွင်း ပြည်ပသို့ပုစွန်တန်ချိန် (၃၇၀၀) ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ပြည်ပသို့ ပုစွန်တင်ပို့မှု အနေဖြင့် (၅) လအတွင်း ပုံမှန် ကုန်သွယ်မှုမှ မက်ထရစ်တန် (၃၃၅၆ ဒသမ ၀၁၃) တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၈ ဒသမ ၃၇၁) သန်း၊ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် (၃၈၄ ဒသမ ၅၄) တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂ ဒသမ ၁၁၄)သန်း ရရှိသည့်အတွက် ပြည်ပသို့ ပုစွန်တင်ပို့မှု စုစုပေါင်း မက်ထရစ် တန် (၃၇၄၀ ဒသမ ၅၅၃) တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ (၁ဝ ဒသမ ၄၈၅)သန်း ရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါးစသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း (၄၀) ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တို-က်ရို-က်တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် (၅)လတာ ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန် စုစုပေါင်း မက်ထရစ်တန် (၁၅၃၉ ၂၆ ဒသမ ၃၃၉)တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၂၃ ဒသမ ၄၃၆) သန်း ရရှိထားကြောင်း သိရသည်။
