ထိုင်းဝန်ကြီးချုပ်အသစ်ကို ရွေးချယ်တင်မြောက်ပြီးဖြစ်သော်လည်း
ကမ္ဘောဒီးယား-ထိုင်းနယ်စပ် ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ခက်ခဲနေသေးကြောင်း လေ့လာသူများက သတိပေးသည်။
နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော အမျိုးသားရေးဝါဒ၊ တပ်၏ သြဇာလွှမ်းမိုးမှုနှင့် ထိုင်းနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့်ဟု သုံးသပ်ကြသည်။
ထိုင်းဝန်ကြီးချုပ်သစ်အနေဖြင့် ကမ္ဘောဒီးယားနှင့် နိုင်ငံ၏ နယ်နိမိတ် တင်းမာမှုများကို ဖြေလျှော့ရန် မဖြစ်နိုင်သေးကြောင်း၊ အနည်းဆုံး ထိုင်း ပြည်တွင်း နိုင်ငံရေး ငြိမ်သက်သွားသည်အထိစောင့်ရမည်ဖြစ်ကြောင်း
လေ့လာသူများကဆိုသည်။
ကမ္ဘောဒီးယား အထက်လွှတ်တော် သမ္မတ ဟွန်ဆန်နှင့် အငြင်းပွားဖွယ် ဖုန်းပြောဆိုမှုအတွင်း ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်ပြီးနောက် ပေတုံတန်သည် ၀န်ကြီးချုပ်ရာထူးကို ဆုံးရှုံးခဲ့ပြီး၄င်းနေရာတွင် အနုထင်ကို အစားထိုးခဲ့သည်။
ထိုင်းဝန်ကြီးချုပ်သစ်အနုထင် နှင့် လက်တွဲသွားမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် ကတိပြု ထားသည်။ထိုင်းနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရန်နှင့် အပြန်အလှန်ယုံကြည်မှုပြန်လည်တည်ဆောက်ရန်အတွက်ကြိုးပမ်းသွားမည်ဟု ကမ္ဘောဒီးယား မီဒီယာ ခမာတိုင်းစ်ကဖော်ပြခြင်းဖြစ်သည်။
Ref: khmertimeskh
