Monday, July 27, 2026

ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံဖွင့်ပွဲအခမ်းအနားသို့ အနုပညာရှင်များစွာ ဂုဏ်ပြုတက်ရောက်လာ

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (အမှတ် ၃၂၇) ၌တည်ရှိသည့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ် ဝဇီရာဂုဏ်ပြုခံ ကဇာတ်ရုံအား မူလလက်ရာမပျက်ပြင်ဆင်ထိန်းသိမ်းမှုများပြုလုပ်ကာ...

မြန်မာနိုင်ငံတော်သမ္မတက ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံ ဖွင့်လှစ်

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်ဖြစ်သည့် ဝဇီရာကဇာတ်ရုံကို မူလလက်ရာမပျက် ပြန်လည်ထိန်းသိမ်းမွမ်းမံကာ ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံ အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်သည့် အခမ်းအနားကို...

မိုးသည်းထန်မှုကြောင့် ဇမ္ဗူသီရိမြို့နယ်တွင် တောင်ကမ်းပါးမြေပြိုကျ၊မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းရေးဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် ၂၇မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပိတောက်အိမ်ရာ တိုက်အမှတ် (၇၂၁) အနီးရှိ ပတ္တမြားလမ်းပေါ်သို့ ဇူလိုင် ၂၆...

စားသုံးသူရေးရာဦးစီးဌာန၊ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်ရန်...

နေပြည်တော်၊ ဇူလိုင် ၂၇ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက် (Joint Operation) စနစ်ဖြင့် လုပ်ကိုင်နိုင်ရေးအတွက်...
HomeInternationalအစ္စရေးမူဝါဒနှင့်ပတ်သက်၍ မလေးရှားသံအမတ်ကို အမေရိကန်နိုင်ငံခြားရေးဌာန...

အစ္စရေးမူဝါဒနှင့်ပတ်သက်၍ မလေးရှားသံအမတ်ကို အမေရိကန်နိုင်ငံခြားရေးဌာန ဆင့်ခေါ်

ကွာလာလမ်ပူ၊ ဇူလိုင် ၂၅

မလေးရှားနိုင်ငံ၏ အစ္စရေးဆိုင်ရာ ရေရှည်ရပ်တည်လာသည့် မူဝါဒနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မလေးရှားသံအမတ်ကြီးကို အမေရိကန်နိုင်ငံခြားရေးဌာနက ဆင့်ခေါ်တွေ့ဆုံခဲ့ကြောင်း မလေးရှားနိုင်ငံပိုင် ဘနားမား (Bernama) သတင်းဌာနက ဖော်ပြသည်။

မလေးရှားနိုင်ငံက အစ္စရေးကို နိုင်ငံအဖြစ် အသိအမှတ်မပြုသည့် မူဝါဒမှာ အသစ်မဟုတ်ဘဲ ကာလရှည်ကြာ ကျင့်သုံးလာသည့် မူဝါဒဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး မူဟာမက် ရှားရူလ် အီခရမ် ယာကွတ်က အမေရိကန်နိုင်ငံခြားရေးဌာနသို့ ရှင်းလင်းပြောကြားခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြောကြားခဲ့သည်။

“အစ္စရေးနိုင်ငံနှင့် ဇီယွန်ဝါဒီအစိုးရကို အသိအမှတ်မပြုခြင်းမှာ မလေးရှား၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒနှင့် နိုင်ငံခြားရေးမူဝါဒ၏ အစိတ်အပိုင်းဖြစ်ပြီး ယင်းသည် ကျွန်တော်တို့၏ တရားဝင်ရပ်တည်ချက်ဖြစ်သည်” ဟု ဟာဆန်က ပြောကြားကြောင်း ဘနားမားသတင်းဌာနက ဖော်ပြသည်။

ဟာဆန်၏ ပြောကြားချက်အရ အမေရိကန်နှင့် အစ္စရေး နှစ်နိုင်ငံသားခံယူထားသူတစ်ဦးသည် အမေရိကန်ပတ်စ်ပို့ဖြင့် မလေးရှားနိုင်ငံသို့ ဝင်ရောက်ခဲ့သော်လည်း နောက်ပိုင်း စိစစ်မှုများတွင် အစ္စရေးပတ်စ်ပို့ကိုလည်း ကိုင်ဆောင်ထားကြောင်း တွေ့ရှိခဲ့သဖြင့် နိုင်ငံမှ ထွက်ခွာရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံသည် အစ္စရေးနှင့် သံတမန်ဆက်ဆံရေး မရှိသလို ပါလက်စတိုင်းအရေးကို အခိုင်အမာ ထောက်ခံလျက်ရှိပြီး ဂါဇာနှင့် ဂျော်ဒန်မြစ် အနောက်ကမ်းဒေသ၌ အစ္စရေး၏ စစ်ရေးဆောင်ရွက်မှုများကိုလည်း ဆန့်ကျင်ကြောင်း ထပ်မံအတည်ပြုခဲ့သည်။

ယခုအငြင်းပွားမှုမှာ အမေရိကန်ရင်းနှီးမြှုပ်နှံသူ ဘာလာဂျီ စရီနီဗာဆန် တည်ထောင်ထားသည့် Network School တွင် အစ္စရေးနိုင်ငံသားများ ပါဝင်နေသည်ဟု လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မလေးရှားအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုအရ ပါဝင်သူအားလုံးသည် တရားဝင် ခရီးသွားစာရွက်စာတမ်းများ ကိုင်ဆောင်ထားကြောင်း တွေ့ရှိခဲ့သော်လည်း ယင်းကျောင်းကို ယာယီပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ယင်းနောက် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က နိုင်ငံအတွင်းရှိ အစ္စရေးနိုင်ငံသားများကို စိစစ်ဖော်ထုတ်၍ ချက်ချင်းနှင်ထုတ်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီး ယင်းအစီအစဉ်အပေါ် အမေရိကန်လွှတ်တော်အမတ် ရှစ်ဦးက ကန့်ကွက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုထံ စာပေးပို့ခဲ့သည်။

သို့သော် ယင်းကန့်ကွက်မှုများရှိနေသော်လည်း မလေးရှားနိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံသားများအား ပြည်ဝင်ခွင့်ပိတ်ပင်ထားသည့် မူဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ထပ်လောင်းပြောကြားခဲ့သည်။

Ref: Al Jazeera / Bernama

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံဖွင့်ပွဲအခမ်းအနားသို့ အနုပညာရှင်များစွာ ဂုဏ်ပြုတက်ရောက်လာ

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (အမှတ် ၃၂၇) ၌တည်ရှိသည့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ် ဝဇီရာဂုဏ်ပြုခံ ကဇာတ်ရုံအား မူလလက်ရာမပျက်ပြင်ဆင်ထိန်းသိမ်းမှုများပြုလုပ်ကာ အဆင့်မြှင့်တင်ခဲ့ပြီးနောက် ယနေ့ ဂျူလိုင်လ ၂၇ ရက်တွင် ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံအဖြစ် ဖွင့်လှစ်ပွဲသည့် အခမ်းအနားကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံကျော်အနုပညာရှင်များဖြစ်သည့် ပြေတီဦးတို့ဇနီးမောင်နှံ၊ ဝတ်မှုံရွှေရည်တို့ဇနီးမောင်နှံ၊ ဟိန်းဝေယံတို့ဇနီးမောင်နှံ စသည့် ရုပ်ရှင်၊ သဘင်၊ ဂီတမှ အနုပညာရှင် အတတ်ပညာရှင်ပေါင်းများစွာမှ ဂုဏ်ပြုတက်ရောက်လာသည့် မြင်ကွင်းပုံရိပ်များ ဖော်ပြလိုက်ပါသည်။ အဆိုပါ ဝဇီရာရုပ်ရှင်ရုံကြီးကို ပြန်ကြားရေးဝန်ကြီးဌာနမှ ဦး‌ဆောင်ကာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ်...

မြန်မာနိုင်ငံတော်သမ္မတက ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံ ဖွင့်လှစ်

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်ဖြစ်သည့် ဝဇီရာကဇာတ်ရုံကို မူလလက်ရာမပျက် ပြန်လည်ထိန်းသိမ်းမွမ်းမံကာ ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံ အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်သည့် အခမ်းအနားကို ဇူလိုင် ၂၇ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စက်ခလုတ်နှိပ်ဖွင့်လှစ်၍ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖျန်းပေးခဲ့သည်။ အခမ်းအနားအစတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်...

မိုးသည်းထန်မှုကြောင့် ဇမ္ဗူသီရိမြို့နယ်တွင် တောင်ကမ်းပါးမြေပြိုကျ၊မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းရေးဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် ၂၇မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပိတောက်အိမ်ရာ တိုက်အမှတ် (၇၂၁) အနီးရှိ ပတ္တမြားလမ်းပေါ်သို့ ဇူလိုင် ၂၆ ရက် မွန်းလွဲ ၃ နာရီခန့်က တောင်ကမ်းပါးမှ မြေသားများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပညာသိဒ္ဓိနယ်မြေ မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ လမ်းပိတ်ဆို့နေသည့် မြေသားများကို ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ မြေပြိုကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု သတင်းထုတ်ပြန်ထားခြင်းမရှိဘဲ မိုးရာသီကာလအတွင်း တောင်စောင်းနှင့် နီးစပ်သည့်နေရာများတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071