ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့၊ပါဆယ်လမ်းရှိ သွားဆေးခန်းတခု
တွင် ယနေ့ (စက်တင်ဘာ ၈) ရက် ညနေ ငါးနာရီခန့်က ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်အတွင်း သွားဆရာဝန် နှင့် ဆရာဝန်ကတော်တို့ သေဆုံးခဲ့ပြီး အိမ်တွင်ရှိနေသည့် မိသားစုဝင်အမျိုးသမီးတစ်ဦးနှင့် ဆေးခန်းအကူအမျိုးသမီးတဦးလည်း အပြင်းအထန် ဒ-ဏ်
ရာရသွားသည်ဟု သိရသည်။
“လူငယ်ပဲ လုပ်သွားတဲ့လူက ၊ ဆေးခန်းပြချင်တယ်ဆိုပြီးဝင်လာပြီး လုပ်တာ၊ ဆရာ့အမျိုးသမီးက အိမ်မှာပဲဆုံးတယ်၊ ဆရာက ဆေးရုံမှာ ဆုံးတယ်၊ အိမ်မှာရှိနေတဲ့ အဘွားနဲ့ အကူလေးက သိပ်မစိုးရိမ်ရဘူး” ဟု ဖြစ်စဉ်ကို သိရှိသူက ပြောသည်။
ကျူးလွန်သူသည် လွတ်မြောက်နေဆဲ ဖြစ်သည်ဟု သိရသည်။
အမှုအခင်းနှင့် ပါတ်သက်၍ မြို့ပေါ်၌ သတင်း အမျိုးမျိုး ပြောနေကြသော်လည်း ကျုးလွန်သူသည် ပစ္စည်းတစုံတရာလည်း ယူဆောင်ခြင်း မရှိကြောင်း ဒေသသတင်းများထံမှလည်း သ်ိရသည်။
လက်ရှိ၌ နာရေး စျာပနအခမ်းအနားအတွက် ပြင်ဆင်နေကြကြောင်းလည်း သိရသည်။
