တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင်ရောက်ရှိနေသော မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ စက် တင်ဘာ ၄ ရက်နံနက် ၈ နာရီက ပေကျင်းမြို့မှတစ်ဆင့် ဟေလုံကျန်းပြည်နယ်၊ ဟာပင်းမြို့သို့ အထူးလေယာဥ်ဖြင့်ထွက်ခွာခဲ့သည်။
မြန်မာနိုင်ငံတော် ယာယီသမ္မတသည် ပေကျင်းမြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်နိုင်ငံဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့သည်။
ဟာပင်းမြို့သို့သွားရောက်မည့် မြန်မာနိုင်ငံတော် ယာယီသမ္မတအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ သံအမတ်ကြီး မစ္စမာကျား၊ ပေကျင်းမြူနီ စီပယ်အစိုးရ တာဝန်ရှိသူတို့ကပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
