ရန်ကုန်မြို့တွင် လာမည့် စက်တင်ဘာလ (၃)ရက်မှ (၉)ရက်အထိကျင်းပမည့် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ၌ မြန်မာယူ -၂၃ အသင်းသည် ဂျပန်၊ ကူဝိတ်၊ အာဖဂန်နစ္စတန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
မြန်မာအသင်းသည် ခြေစစ်ပွဲ အုပ်စု (B) ပွဲစဉ်များကို အိမ် ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားခြင်းဖြစ်ပြီး တစ်ရက်လျှင် (၂)ပွဲနှုန်းဖြင့် သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။
အာရှ ယူ-၂၃ ခြေစစ်ပွဲအတွက် အုပ်စု (၁၁) ခုမှ အုပ်စုပထမ တစ်သင်းစီနှင့် အကောင်းဆုံး အုပ်စု ဒုတိယ (၄) သင်း၊ စုစု ပေါင်း (၁၅) သင်း ခြေစစ်ပွဲ အောင်မည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ -၂၃ အသင်း အား ဂျပန်နည်းပြ ကူရိုမှ တာဝန်ယူ ကိုင်တွယ်နေပြီး စက်တင်ဘာလ (၃) ရက်တွ င် ကူဝိတ်အသင်း၊ စက်တင်ဘာလ (၆)ရက်တွင် ဂျပန်အသင်း၊ စက်တင်ဘာ (၉)ရက်တွင် အာဖဂန်နစ္စတန် အသင်းတို့နှင့် ညနေ (၄)နာရီတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
