မြန်မာ့ ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးရေယာဉ်များအနေဖြင့် မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွာချိန် ခိုလှုံနိုင်မည် နေရာများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အသိပေးထားသည်။
အဆိုပါ အသိပေးချက်တွင် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ရှိ ခိုလှုံနိုင်မည့်နေရာ (၁၅) နေရာကို ဖော်ပြထားသည်။
လှိုင်းဒ-ဏ်လေဒ-ဏ်များ ခိုလှုံနိုင်ရန်အတွက် ကျွန်းခိုရပ်နားရန် သတ်မှတ်ပေးထားခြင်းဖြစ်ပြီး ရာသီဥတုခိုလှုံသည်ကို အကြောင်းပြု၍ ကမ်းနီးဒေသအတွင်း ငါး/ပုဇွန်ဖမ်းဆီးနေသည်ကို တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
