Wednesday, June 24, 2026

တရုတ်-ဗီယက်နမ် နယ်စပ်ဂိတ်များ၏ ခေတ်မီကုန်သွယ်ရေးစနစ်က ဒေသတွင်းကုန်သွယ်မှုကို...

တရုတ်နိုင်ငံ ဂွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချုံကျို (Chongzuo) နှင့် ပင်းရှန်း (Pingxiang) မြို့များသည် တရုတ်-ဗီယက်နမ် နယ်စပ်ကုန်သွယ်ရေး၏ အရေးပါသော အချက်အချာဒေသများအဖြစ် ဖွံ့ဖြိုးလာနေပြီး...

မလေးရှားရှိ မြန်မာသံရုံးအနီး ပတ်ဝန်းကျင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့်...

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သံရုံးတည်ရှိရာ နေရာသည် လူနေအိမ်ရာရပ်ကွက်အတွင်း တည်ရှိနေသဖြင့် ပတ်ဝန်းကျင်ရှိ နေထိုင်သူများအား...

ဧရာဝတီတိုင်းတွင် ရက်(၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရက် (၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း (၃၃) ကြိမ်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (၅၁) ကြိမ်နှင့်...

အသက် (၁၆) နှစ်အရွယ် ပင်မြင့်ယံ...

မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ရတနာပုံအမျိုးသမီးဘောလုံးအသင်းမှ လူငယ်ကစားသမား ပင်မြင့်ယံသည် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ရတနာပုံအသင်းက ထုတ်ပြန်ခဲ့သည်။ ပင်မြင့်ယံသည် ဇွန် ၂၃...
HomeNewsLocal Newsပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့်...

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီ(၆၁)ပါတီတို့ တွေ့ဆုံ

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားခဲ့သည့် နိုင်ငံရေးပါတီများအနက် မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီ(၆၁) ပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုး တို့ ယမန်နေ့ ဩဂုတ်(၂၆)ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဥပဒေနှင့်အညီ လျှောက်ထားသည့် နိုင်ငံရေးပါတီများအားလုံး စိစစ်ခွင့်ပြုပြီးဖြစ်၍ နိုင်ငံရေးပါတီအနေဖြင့် ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက်ပြည့်မီအောင်ဆောင်ရွက်ပြီး ကော်မရှင်သို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၇)ရက် နောက်ဆုံးထားပြီး တင်ပြရမည်ဖြစ်ကြောင်း  ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုး ကပြောကြားခဲ့သည်။

လက်ရှိတွင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ(၉)ပါတီ ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုတွင်သာ စည်းရုံးမည့်ပါတီ (၅၂)ပါတီရှိကြောင်း သိရသည်။

နိုင်ငံရေးပါတီအနေဖြင့် ပါတီဝင်အင်အားစာရင်းများနှင့် ရုံးခန်းအရေအတွက်များကို ပြည့်စုံမှန်ကန်စေရေးအလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းကို ‌ဆောင်ရွက်ရာတွင်လည်းဥပဒေနှင့်အညီ သတ်မှတ်ထားသည့် မဲဆန္ဒနယ်အရေအတွက်၊ သတ်မှတ်ထားသည့် အရည်ချင်းများနှင့် ကိုက်ညီရန်လိုအပ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့ပြင် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရာတွင် ပညာအရည်ချင်းသတ်မှတ်ချက်ဖြစ်သည့် အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ပြီးသူများဖြစ်ရမည့်အချက်ကို သတိမှုကြစေလိုကြောင်းလည်း  ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ထည့်သွင်းပြောကြားသွာသည်။

လာမည့် ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်တွင်ကျင်းပမည်ဖြစ်ပြီး မြို့နယ် (၁၀၂) မြို့နယ်တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်-ဗီယက်နမ် နယ်စပ်ဂိတ်များ၏ ခေတ်မီကုန်သွယ်ရေးစနစ်က ဒေသတွင်းကုန်သွယ်မှုကို အရှိန်မြှင့်တင်နေ

တရုတ်နိုင်ငံ ဂွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချုံကျို (Chongzuo) နှင့် ပင်းရှန်း (Pingxiang) မြို့များသည် တရုတ်-ဗီယက်နမ် နယ်စပ်ကုန်သွယ်ရေး၏ အရေးပါသော အချက်အချာဒေသများအဖြစ် ဖွံ့ဖြိုးလာနေပြီး ခေတ်မီစမတ်နည်းပညာများ အသုံးပြုထားသည့် နယ်စပ်ဂိတ်စနစ်များက ဒေသတွင်းကုန်စည်စီးဆင်းမှုကို ပိုမိုမြန်ဆန်ထိရောက်စေလျက်ရှိကြောင်း သိရသည်။ ချုံကျိုမြို့သည် တရုတ်နိုင်ငံအတွင်း နယ်စပ်ဝင်ပေါက်အများဆုံးရှိသည့် မြို့တစ်မြို့ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နေသည့် စီးပွားရေးအချက်အချာဒေသတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ယင်းမြို့အတွင်းရှိ ပင်းရှန်းမြို့မှာ ဗီယက်နမ်နိုင်ငံနှင့် တိုက်ရိုက်ထိစပ်နေပြီး “တရုတ်နိုင်ငံ၏ တောင်ဘက်တံခါးပေါက်” ဟု လူသိများသည်။ ပင်းရှန်းမြို့သည် တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန်၊...

မလေးရှားရှိ မြန်မာသံရုံးအနီး ပတ်ဝန်းကျင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မပြုလုပ်ကြရန် သံရုံး မေတ္တာရပ်ခံ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သံရုံးတည်ရှိရာ နေရာသည် လူနေအိမ်ရာရပ်ကွက်အတွင်း တည်ရှိနေသဖြင့် ပတ်ဝန်းကျင်ရှိ နေထိုင်သူများအား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မဖြစ်ပေါ်စေရေး ဂရုပြုဆောင်ရွက်ကြရန် မြန်မာသံရုံးက အသိပေးမေတ္တာရပ်ခံထားသည်။ လက်ရှိတွင် သံရုံးအနီးရှိ နေအိမ်များရှေ့၌ အမှိုက်များ စွန့်ပစ်ခြင်း၊ ကွမ်းတံထွေး ထွေးခြင်း၊ ဆူညံစွာ ပြုမူခြင်းနှင့် မော်တော်ယာဉ်များအား စည်းကမ်းမဲ့ ရပ်နားခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နေထိုင်သူများက သံရုံးသို့ အဆက်မပြတ် တိုင်ကြားမှုများ ရှိနေကြောင်း ဇွန် ၂၄...

ဧရာဝတီတိုင်းတွင် ရက်(၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ အသိပညာပေးဟောပြောပွဲနှင့် ပြည်သူ့စကားဝိုင်း စုစုပေါင်း (၁၀၅) ကြိမ် ကျင်းပနိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရက် (၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း (၃၃) ကြိမ်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (၅၁) ကြိမ်နှင့် ပြည်သူ့စကားဝိုင်း (၂၁) ကြိမ် စုစုပေါင်း (၁၀၅) ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူရည်က ပြောကြားသည်။ “ပြည်သူ့အစိုးရ ပေါ်ပေါက်လာတာနဲ့အညီ ပြည်သူတွေ သိလိုတဲ့အချက်အလက်တွေကို ပွင့်လင်းစွာ မေးမြန်းနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ပြည်သူ့စကားဝိုင်းတွေကို ဆောင်ရွက်ပေးနေတာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071