စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ပေါ်ရှိ ငလျင်ဘေးသင့် သာသနိကအဆောက်အဦး အပျ-က်အစီး အများစုကိုရှင်းလင်းထားပြီးဖြစ်ကြောင်း သိရသည်။
ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျ-က်စီးခဲ့သည့်စစ်ကိုင်းတောင်ရိုးရှိ ပတ္တမြားစေတီ၊ ဥမင်ကိုးဆယ်စေတီတော်မြတ်ကြီးနှင့် ဇရပ်တန်ဆောင်း၊ ဂူကျောင်းများ၊ ဥမင်ကိုးဆယ်စေတီတော်မြတ်ကြီး ရင်ပြင်ရှိသောက်သုံးရေကန်များရှိအပျက်အစီးများကိုရှင်းလင်းကာ ပြန်လည်ပြုပြင်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါပျ-က်စီးမှုရှင်းလင်းခြင်းနှင့် ပြန်လည်ပြုပြင်နေခြင်းများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် သြဂုတ်လ (၁၉)ရက်၊ နံနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်မြတ်ကြီး ဘက်စုံပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး၊ ဆွမ်းဦးပုညရှင်စေတီတော်နှင့် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များ၊ ဂေါပကအဖွဲ့များနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
