အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ဒါရိုက်တာ အဖွဲ့ကို စုစုပေါင်း ရှစ်ဦး ခန့်အပ် တာဝန်ပေးလိုက်သည်။
ယနေ့ (ဇူလိုင် ၃၁ ရက်) က ထုတ်ပြန် ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။ ယခင်ကထက် ဒုဥက္ကဋ္ဌ တစ်ဦး ထပ်မံဖြည့်ကာ ဖွဲ့စည်းပုံအပြည့် ခန့်အပ်ခြင်းလည်းဖြစ်သည်။
တာဝန်ပေးမှုအရ ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် ဒေါ်သန်းသန်းဆွေ၊ ဒုဥက္ကဋ္ဌများအဖြစ် ဦးဇော်မြင့်နိုင်၊ ဒေါက်တာ လင်းအောင်၊ ဦးသက်ထွန်းအောင်၊ ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ဒေါက်တာရီအေး၊ ဦးတင်မြင့်၊ ဒေါက်တာလှညွန့်၊ ဒေါက်တာ ဇော်ဦးတို့ပါဝင်သည်။
ယနေ့တွင်ပင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ)က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ပုဒ်မခွဲ(ခ) အရ ပြည်ထောင်စု အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး အမိန့်ပြန်တမ်းများ ဆက်လက်ထုတ်ပြန်နေခြင်း ဖြစ်သည်။
