ရန်ကုန်တိုင်းအတွင်း ဇူလိုင် ၂၄ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတို-က်ခတ်မှုဖြစ်ပေါ်ခဲ့၍ ICD II အတွင်း ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည်ဟု မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းမှ ထုတ်ပြန်ခဲ့သည်။
ထိုသို့ ပြိုကျပျက်စီးမှုများကြောင့် ကုန်သေတ္တာအခွံတင်/ချ ဝင်းအား ပြန်လည်ရှင်းလင်းရေး လုပ်မည်ဖြစ်၍ ပိတ်ထားမည်ဖြစ်ကာ အသင်းဝင်ဂိတ်များအနေဖြင့် အခွံ တင်/ချပြုလုပ်ရန်ရှိပါက သက်ဆိုင်ရာသင်္ဘောလိုင်းများနှင့်ဆက်သွယ်ပြီး ရက်ပြောင်းရွှေ့ဆောင်ရွက်ရန် အသိပေးထားခဲ့သည်။
ယခုအခါ လေပြင်းကြောင့်အလုံးလိုက်ကျသွားသော ကုန်သေတ္တာ ရှင်းလင်းမှုမှာ ၃ရက်သာ ကြာမည်ဖြစ်ပြီး ဇူလိုင် ၂၇ မနက် ၈နာရီ တွင် ပြန်လည်အလုပ်လုပ်၍ ရမည်ဖြစ်ကြောင်း အသင်းမှ သိရသည်။
