နေပြည်တော်ရှိ ဝန်ထမ်းများ၊ လုပ်သားပြည်သူများ အဆင်ပြေစေရန်အတွက် ယခင် ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းများ လမ်းကြောင်းကို တိုးချဲ့ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။
ထပ်တိုးလမ်းကြောင်းသည် ဘောဂသီရိ- ရွာတော်- Ocean – ဖိုးဇောင်းတောင်အဝိုင်း- အလုပ်သမားရုံး- ရုံးအမှတ်(၁၄)- သစ်တော- လျှပ်စစ်- နံချွန်တံတား- သုခတော်ဝင်-မြို့မဈေး ဖြစ်သည်။
ဂိတ်စမှ ဂိတ်ဆုံးကို သုံးထောင်ကျပ်ဖြင့် ပြေးဆွဲပေးမည်ဖြစ်ကာ နေ့စဉ် နံနက်(၀၈:၀၀) နာရီမှစတင်၍ ဘောဂသီရိကားကွင်းက စတင်ထွက်ခွာပြီး ဂိတ်ဆုံးဖြစ်သည့် မြို့မဈေးသို့ (၀၉:၃၀) နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။
နေပြည်တော်တွင် တော်ဝင်မော်တော်ယာဉ်လိုင်း(၄)လိုင်းဖြင့် ပြေးဆွဲပေးလျက်ရှိနေကာ လမ်းကြောင်းများအဖြစ် ဇမ္ဗူသီရိလမ်းကြောင်း၊ လယ်ဝေးလမ်းကြောင်း၊ ပုဗ္ဗသီရိ ရန်ကုန်-မန္တလေး လမ်းဟောင်း လမ်းကြောင်း၊ ပုဗ္ဗသီရိလမ်းကြောင်းများအဖြစ် ပြေးဆွဲပေးနေခြင်း ဖြစ်သည်။
ဇမ္ဗူသီရိလမ်းကြောင်းတွင်မူ ဘောဂသီရိ- နှင်းဆီးပန်းအဝိုင်း- ရွှေညောင်ပင်-နေပြည်တော်ကောင်စီ- စည်ပင်ဧည့်ရိပ်သာ- သပြေကုန်း- ပရဆေးဥယျာဉ်- ဓါတုဇယဘုရား- နည်းပညာတက္ကသိုလ်- မာရဝိဇယဘုရား- ဘိုးဘွားရိပ်သာ- ဉာဏသိဒ္ဓိရပ်ကွက်-Naypyitaw State Academy ကျောင်း- ဝဏ္ဏသိဒ္ဓိရပ်ကွက်- သုခတော်ဝင်- မြို့မဈေး တို့ဖြစ်ပြီး ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၂,၀၀၀ကျပ် ကျသင့်မည် ဖြစ်ကြောင်း သိရသည်။
လယ်ဝေးလမ်းကြောင်းတွင်မူ လယ်ဝေးမြို့မဈေး- လယ်ဝေး အားကစားကွင်း-ရွှေအင်ကြင်းရပ်ကွက်- ဒက္ခိဏသီရိဈေး – ကံ့ကော်ပန်းအဝိုင်း- Excel Capital- တုံဂပူရိလမ်းဆုံ- Junction Center- အဆင့်မြင့်ဈေး-နည်းပညာတက္ကသိုလ်- မာရဝိဇယဘုရား- ဘိုးဘွားရိပ်သာ- ဉာဏသိဒ္ဓိ ရပ်ကွက်- Naypyitaw State Academy ကျောင်း တို့ကို ရောက်ရှိမည်ဖြစ်ကာ ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၁,၅၀၀ကျပ် ဖြစ်သည်။
ထိုနည်းတူ ပုဗ္ဗသီရိ ရန်ကုန်-မန္တလေး လမ်းဟောင်း လမ်းကြောင်းတွင်မူ သိုက်ချောင်းလမ်းဆုံ- တိရိစ္ဆာန်ဥယျာဉ်- ရေဆင်းကျေးရွာ- ပင်လောင်းလမ်းဆုံ- လျှပ်စစ်လမ်းခွဲ- ကျောက်ချက်- နှင်းဆီပန်းအဝိုင်း- ရွှေညောင်ပင်-နေပြည်တော်ကောင်စီ- ဇမ္ဗူသီရိဆေးရုံ- စည်ပင်ဧည့်ရိပ်သာ- သပြေကုန်း- ပရဆေးဥယျာဉ်- မြို့မဈေး-သုခတော်ဝင်- ဝဏ္ဏသိဒ္ဓိရပ်ကွက်- Naypyitaw State Academy ကျောင်း- ဉာဏသိဒ္ဓိရပ်ကွက်- မာရဝိဇယဘုရား- နည်းပညာတက္ကသိုလ် တို့ကိုရောက်ရှိမည်ဖြစ်ကာယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၂၀၀၀ ကျပ် ကျသင့်မည်ဖြစ်သည်ဟု သိရသည်။
ယင်းအပြင် ပုဗ္ဗသီရိလမ်းကြောင်းတွင် သိုက်ချောင်း လမ်းဆုံ- ကုတင်(၃၀၀)ဆေးရုံ- ကျည်တောင်ကန်လမ်းဆုံ- နေပြည်တော်ဘူတာကြီး- Polytechnic University – အင်ကြင်းပန်းအဝိုင်း- မန္တလေးလမ်း- ကုမုဒြာကြာပန်းအဝိုင်း- စည်ပင်အိမ်ရာ- သပြေကုန်း- ပရဆေးဥယျာဉ်- မြို့မဈေး- သုခတော်ဝင်-ဝဏ္ဏသိဒ္ဓိရပ်ကွက်- Naypyitaw State Academy ကျောင်း- ဉာဏသိဒ္ဓိရပ်ကွက်- မာရဝိဇယဘုရား-နည်းပညာတက္ကသိုလ် တို့ကိုရောက်ရှိမည်ဖြစ်ကာ ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၂၀၀၀ ကျပ်နှုန်းဖြစ်ကြောင်း သိထားရသည်။
