Monday, May 4, 2026

လယ်ယာသုံးစက်ကိရိယာများအား ရခိုင်ပြည်နယ်ဝန် ကြီးချုပ်က တောင်သူများထံလွှဲပြောင်းပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဝယ်ယူထောက်ပံ့သည့် လယ်ယာသုံးစက်ကိရိယာများအား ပြည်နယ်ဝန် ကြီးချုပ်ဦးနိုင်ဦးက တောင်သူများထံသို့ ယနေ့ မေ ၄ ရက်နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ် ယာလုပ်ငန်းခွင်၌...

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ...

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏...

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇...

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...
HomeNewsLocal Newsအီလက်ထရောနစ် မဲပေးစက်အကြောင်း ဆရာ၊...

အီလက်ထရောနစ် မဲပေးစက်အကြောင်း ဆရာ၊ ဆရာများကို သင်တန်းပေးရန်ရှိနေ

ယခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲ၌ အီလက်ထရောနစ်မဲပေးစက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် ရန်ကုန်ရှိ ဆရာ၊ ဆရာမများကို သင်တန်းပေးရန်ရှိနေသည်ဟု သိရသည်။

အီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းအဖြစ် ပေးရန်ရှိနေခြင်း ဖြစ်ကာ မဲရုံအရေအတွက် နည်းပါးနိုင်သည့် လသာမြို့နယ်၌ အီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းကို ၂ ရက်သာပြုလုပ်မည် ဖြစ်သည်ဟုလည်း သိရှိရသည်။

သင်တန်းပေးမှုကို ယမန်နေ့ (ဇူလိုင် ၁၄ ရက်)က စတင်သည်ဟုလည်း ပညာရေးဝန်ထမ်းများထံမှ သိရပြီး အဓိကအားဖြင့် မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာကို မျှဝေပေးနေခြင်း ဖြစ်သည်ဟု သိရသည်။

လတ်တလောတွင် ရွေးကောက်ပွဲ၌ အသုံးပြုရန်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အလုံးရေ ငါးသောင်းခွဲနီးပါးထုတ်လုပ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ပြောထားသည်။

ကျင်းပတော့မည့် ရွေးကောက်ပွဲ၌ စာရွက်ဖြင့်မဲပေးခြင်းအစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးရန် ပထမဆုံးပြောင်းလဲဆောင်ရွက်ခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ရွေးကောက်ပွဲစနစ်ကို First Past the Post (FPTP) စနစ်ဖြင့် ကျင့်သုံးခဲ့ပြီး ယခုရွေးကောက်ပွဲမှစတင်ကာ PR စနစ်ဖြင့် ပြောင်းလဲကျင့်သုံးမည်ဖြစ်သည်။

ဒီဇင်ဘာလတွင် ကျင်းပရန် လျာထားသည့် ရွေးကောက်ပွဲကို တိုင်းဒေသကြီး နှင့် ပြည်နယ်အားလုံး၌ ဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ကာ လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိ စာရင်းဇယားများအရ မြို့နယ်ပေါင်း (၂၆၇) မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပရန် လျာထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက် ထုတ်ပြန်ကြေညာပြီးသည့်အချိန်၌ ဖြစ်ပေါ်နေသည့် နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်သည့် မြို့နယ်များ၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး မကျင်းပနိုင်သည့် နယ်မြေများကိုလည်း ထုတ်ပြန်ကြေညာပေးမည် ဖြစ်သည်ဟုလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လယ်ယာသုံးစက်ကိရိယာများအား ရခိုင်ပြည်နယ်ဝန် ကြီးချုပ်က တောင်သူများထံလွှဲပြောင်းပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဝယ်ယူထောက်ပံ့သည့် လယ်ယာသုံးစက်ကိရိယာများအား ပြည်နယ်ဝန် ကြီးချုပ်ဦးနိုင်ဦးက တောင်သူများထံသို့ ယနေ့ မေ ၄ ရက်နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ် ယာလုပ်ငန်းခွင်၌ စက်စွမ်းအားပြည့်အသုံးချနိုင်ရန်လိုအပ်ကာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ လယ်ယာလုပ်သားရှားပါးမှုအခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ရန် ပုံငွေဖြင့် လယ်ယာသုံးစက်ကိရိယာများအား ဒေသတွင်းရှိတောင်သူများ လယ်ယာကဏ္ဍတွင် တွင်ကျယ်စွာအသုံးပြုနိုင်ရန်ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ပြည် နယ်ဝန်ကြီးချုပ်ကပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများထံသို့ လယ် ယာသုံးစက်ကိရိယာများအားလွှဲပြောင်းပေးအပ်ပြီးစက်ကိရိယာကိုင်တွယ်၊ ထိန်းသိမ်းမှု(အခြေခံ)သင် တန်းတွင်ဆုရရှိသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး လယ်ယာသုံးစက်ကိရိယာများကိုကြည့်ရှုစစ် ဆေးခဲ့ကြကြောင်း သိရသည်။

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့ မေ ၄ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ " နွေရာသီခရီးသွားရာသီမှာ ဘန်ကောက်ကိုသွားလည်မယ့်မြန်မာနိုင်ငံသားတွေအဆင်ပြေစေဖို့အတွက် ရန်ကုန်-ဒွန်မောင်းခရီးစဉ်သစ်ကိုအထူးတိုးမြှင့်ပြေးဆွဲပေးခြင်းဖြစ်ပါတယ်"ဟု MAI ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒွန်မောင်းလေဆိပ်သည် ဘန်ကောက်မြို့လယ်နှင့် ပိုမိုနီးကပ်ပြီး မြို့တွင်းသို့သွားရောက်နိုင်သည့် Red Line ရထားလမ်း(သို့)အမြန်လမ်းများရှိ၍ သွားလာချိန်နှင့် ကားဌားခသက်သာစေသည်။ ထို့အတူ ဒွန်မောင်းလေဆိပ်သည် Low-cost လေကြောင်းလိုင်းများစွာအခြေစိုက်သည့်နေရာဖြစ်၍ အလွန်အဆင်ပြေသော ချိတ်ဆက်မှု(Transit)လေဆိပ်ဖြစ်သည်။

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏ အောင်စာရင်းများထွက်မည်

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇ ကျောင်းဖွင့်ရာသီအ တွက် KG မှ G-12 အထိ အခြေခံပညာအဆင့်၏ ကျောင်းအပ်လက်ခံခြင်းကိုလည်း မေ ၂၂ ရက်မှစတင်ကာပြုလုပ်သွားမည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် အခြေခံပ ညာစာသင်ကျောင်းများအားလုံးဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071