Sunday, May 24, 2026

ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီ(မန္တလေး) တက်ရောက်ခွင့်ရသူများစာရင်းထုတ်ပြန်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှပြုလုပ်သည့် မြန်မာနိုင်ငံ၏ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အားတက်ရောက်ခွင့်ရသူများအမည်စာရင်းကိုအသိပေးထုတ်ပြန်ခဲ့သည်။ အဆိုပါ အကယ်ဒမီ၌တက်ရောက်ခွင့်ရရန် လူရွေးချယ်ပွဲများကို ရန်ကုန်ဇုန်နှင့် မန္တလေးဇုန်တို့အဖြစ်ပြုလုပ်ခဲ့ပြီးနောက် ယူ-၁၂ နှင့် ယူ-၁၃...

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးတွင် တရားမဝင်တင်သွင်းတင်ပို့မှုများမရှိစေရေး အလေးထားဆောင်ရွက်ရန် စီးပွားကူးသန်းဝန်ကြီးမှာကြား

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ်(၂)မှတစ်ဆင့် တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးသည်...

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ကျောင်းသားဟောင်း ညီနောင်များ၏...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် သီတင်းသုံးတော်မူကြသော နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ကျောင်းသားဟောင်း ညီနောင်များ၏ ပထမအကြိမ်တွေ့ဆုံပွဲကို မေ ၂၃ ရက် ညနေပိုင်းက မုံရွာမြို့...

ဧရာဝတီတိုင်းတွင် AFCI-Port Sharing စီမံကိန်း...

ဧရာဝတီဆက်သွယ်ရေးကွန်ရက် ဘုံအခြေခံအဆောက်အအုံ (AFCI-Port Sharing) စီမံကိန်းကို တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း (B.O.T) စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Horizon...
HomeNewsLocal Newsမန္တလေးတွင် ဗီဇာနှင့်ကောင်စစ်ရေးရာလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ပေးမည်ဟု...

မန္တလေးတွင် ဗီဇာနှင့်ကောင်စစ်ရေးရာလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ပေးမည်ဟု တရုတ်သံရုံးထုတ်ပြန်ထိမ်းမြားလက်ထပ် မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ယာယီဆိုင်းငံ့ထားမည်

မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတွင် ဗီဇာနှင့်ကောင်စစ်ရေးရာလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကထုတ်ပြန်ထားသည်။

အဆိုပါလုပ်ငန်းစဥ်များကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၇ ရက် (တနင်္လာနေ့) မှ စတင်၍ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတွင် ပြုလုပ်ပေးသွားမည်ဖြစ်သည်။

အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး နှင့် သောကြာ (ရုံးပိတ်ရက်များမှလွဲ၍) တွင် ရုံးဖွင့်မည်ဖြစ်ပြီး နံနက် ၈း၃၀ မှ ၁၁း၃၀ ထိ လျှောက်လွှာများ လက်ခံကာ နေ့လယ် ၁၄း၀၀ မှ ၁၅း၀၀ ထိ အခကြေးငွေများလက်ခံခြင်းနှင့်သက်ဆိုင်ရာလက်မှတ်များထုတ်ပေးမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံကူးလက်မှတ်နှင့် ခရီးသွားသက်သေခံလက်မှတ်များကို တရုတ်ကောင်စစ်ဝန် APP မှတဆင့် လျှောက်လွှာတင်ပြီး ကြိုတင်စာရင်းသွင်းရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ယင်းအပြင် ကန့်သတ်ချက်များကြောင့် ကောင်စစ်ဝန်ချုပ်ရုံးသည် ထိမ်းမြားလက်ထပ် မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ယာယီဆိုင်းငံ့ထားမည်ဖြစ်သည်။

ကောင်စစ်ဝန်ချုပ်ရုံး၏ ကောင်စစ်ရေးရာကိစ္စများမေးမြန်းလိုပါက ဖုန်းနံပါတ် 0095-9401470875, 0095-2-2000251 (ရုံးတက်ရက်မွန်းလွဲ ၁၃:၃၀-၁၇:၃၀)အတွင်းဆက်သွယ်နိုင်ကြောင်း သိရသည်။

ပုံစာ- မန္တ​လေးငလျင်ကြီးမတိုင်ခင်က မန်းပုံရိပ်များ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီ(မန္တလေး) တက်ရောက်ခွင့်ရသူများစာရင်းထုတ်ပြန်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှပြုလုပ်သည့် မြန်မာနိုင်ငံ၏ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အားတက်ရောက်ခွင့်ရသူများအမည်စာရင်းကိုအသိပေးထုတ်ပြန်ခဲ့သည်။ အဆိုပါ အကယ်ဒမီ၌တက်ရောက်ခွင့်ရရန် လူရွေးချယ်ပွဲများကို ရန်ကုန်ဇုန်နှင့် မန္တလေးဇုန်တို့အဖြစ်ပြုလုပ်ခဲ့ပြီးနောက် ယူ-၁၂ နှင့် ယူ-၁၃ အတွက် တိုင်းနှင့် ပြည်နယ်များမှတက်ရောက်ခွင့်ရသူ (၂၅)ဦး၊ ယူ-၁၄ နှင့် ယူ-၁၅ အတွကိ တိုင်းနှင့် ပြည်နယ်များမှ တက်ရောက်ခွင့်ရသူ (၂၈)ဦးတို့၏ အမည်စာရင်းများကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် စာရွက်စာတမ်းပြည့်စုံမှု၊ ဆေးစစ်ချက်အောင်မြင်မှုနှင့် ကွင်းအတွင်းလက်တွေ့စွမ်းဆောင်ရည်ကိုက်ညီမှုတို့ကြောင့် တက်ရောက်ခွင့်ရရှိခဲ့ကြခြင်းဖြစ်သည်။ MFF က မြန်မာ့အမျိုးသမီးဘောလုံးလောကတိုးတက်စေရန်နှင့် မျိုးဆက်သစ်ကစားသမားကောင်းများ စနစ်တကျမွေးထုတ်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဘောလုံးအကယ်ဒမီ(မန္တလေး) ကိုဖွင့်လှစ်ခြင်းဖြစ်သည်။

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးတွင် တရားမဝင်တင်သွင်းတင်ပို့မှုများမရှိစေရေး အလေးထားဆောင်ရွက်ရန် စီးပွားကူးသန်းဝန်ကြီးမှာကြား

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ်(၂)မှတစ်ဆင့် တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးသည် မေ ၂၃ ရက်က တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ်(၂)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်၊ လိုင်စင်တွင် ဖော်ပြထားသည့် အမျိုးအစားနှင့် တန်ချိန်များကိုက်ညီစေရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့ပြင် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာရှိ Moon HL Trading ကုမ္ပဏီ၏ ပြောင်းဂိုဒေါင်၊ ဝမ်ပုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် တာချီလိတ်ကုန်သွယ်ရေးစခန်း(မယ်ယန်း)တို့တွင်...

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ကျောင်းသားဟောင်း ညီနောင်များ၏ ပထမအကြိမ်တွေ့ဆုံပွဲ မုံရွာမြို့တွင်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် သီတင်းသုံးတော်မူကြသော နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ကျောင်းသားဟောင်း ညီနောင်များ၏ ပထမအကြိမ်တွေ့ဆုံပွဲကို မေ ၂၃ ရက် ညနေပိုင်းက မုံရွာမြို့ မဟာလယ်တီကျောင်းတိုက်၊ မင်းကတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ဦးဆောင်ကျင်းပသူ ဦးဥဇ္ဇောတကက “ စည်းလုံးညီညွတ်ခြင်း၏ မှတ်တိုင်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပြီ ” ဟု မိန့်ကြားခဲ့သည်။ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဦးဥဇ္ဇောတကက အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို လျှောက်ထားခဲ့သည်။ ထို့နောက် ကျောင်းသားဟောင်းမထေရ်ကြီး ဘဒ္ဒန္တခေမိန္ဒ (ဓမ္မပါရဂူ) က အဖွင့်ဩဝါဒကထာ မိန့်ကြားခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071