Home Movies မိုးတိမ်တောင်များရွှေ့လျားနေသည့် ရန်ကုန်တိုင်း၌ မိုးရာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နိုင်

မိုးတိမ်တောင်များရွှေ့လျားနေသည့် ရန်ကုန်တိုင်း၌ မိုးရာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နိုင်

0
66

ရန်ကုန်တိုင်း၌ မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိရာ ယင်း မိုးတိမ်တောင်များရွှေ့လျားမှုကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းတို့အပါအဝင် မိုးလေဝသဖြစ်စဥ်များဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇူလိုင် ၂၃ ရက်ည ၇ နာရီက အသိပေးခဲ့သည်။

ရန်ကုန်တိုင်းနည်းတူ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင်လညါး မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ် လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက် ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးသီးကြွေခြင်း မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်၍ကြိုတင်သတိပြုကြရန်လည်း မိုးဇလကအသိပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်တွင် မနက်ဖြန် ဇူ လိုင် ၂၄ ရက်မွန်းတည့်ချိန်အထိ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here