မြန်မာ-ဂျပန်ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးနှင့်ပတ်သက်၍ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးဟန်နှင့် International Friendship Exchange Council (FEC)၏ President ဖြစ်သူ Mr. Ken Matsuzawa တို့ဆွေးနွေးခဲ့ကြသည်။
၎င်းတို့နှစ်ဦးသည် ဇွန် ၁၂ ရက်နံနက်ပိုင်းက မြန်မာသံရုံး၊ တိုကျိုမြို့၌တွေ့ဆုံ၍ မြန်မာ-ဂျပန် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
