Monday, June 29, 2026

ကော့ကရိတ်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ(၁၃၇)ဦးအနက်...

စစ်ရေးအခြေအနေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခက်အခဲများကြားမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ ကျောင်းသား/သူ(၁၃၇)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဖြေဆိုခဲ့ကြရာ ယနေ့ ဇွန်...

ကော့ကရိတ်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ(၁၃၇)ဦးအနက်...

စစ်ရေးအခြေအနေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခက်အခဲများကြားမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ ကျောင်းသား/သူ(၁၃၇)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဖြေဆိုခဲ့ကြရာ ယနေ့ ဇွန်...

တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အခက်အခဲရှိ သဘင်မိသားစုဝင် ကျောင်းသား/သူများကို...

မြန်မာနိုင်ငံသဘင်အစည်းအရုံးသည် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သည့် အခက်အခဲရှိသော သဘင်မိသားစုဝင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်ရေးအတွက် ပညာသင်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဇွန်...

တီးတိန်မြို့ရှိ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေမှု ဒုဝန်ကြီး...

ပြည်သူနှင့် ထိတွေ့ဆက်ဆံရာတွင် နိုင်ငံတော်၏ပုံရိပ်ကို ထိခိုက်စေမည့် လုပ်ရပ်များ ရှောင်ကြဉ်ရန် မှာကြား ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းများ ပြန်လည်ရောက်ရှိ၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှုကို...
HomeNewsLocal Newsအက်တမ် (ATOM) နှင့်...

အက်တမ် (ATOM) နှင့် ZTE တို့မှ လက်တွဲပူးပေါင်းကာ မြန်မာ့ဒစ်ဂျစ်တယ်ဆက်သွယ်ရေးအနာဂတ်ကို အရှိန်အဟုန်မြှင့်တင်သွားမည်

ယနေ့ ဇွန်လ (၃) ရက်တွင် မြန်မာနိုင်ငံ၏အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM)နှင့် သတင်းအချက်အလက်နှင့် နည်းပညာပိုင်းဆိုင်ရာထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသော ကမ္ဘာ့ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့် ZTE တို့သည် မျိုးဆက်သစ် Business Support System (BSS) ကို ပူးတွဲဖော်ဆောင်၊ ပြောင်းလဲကျင့်သုံးပြီး မြန်မာ့ဆက်သွယ်ရေး ချိတ်ဆက်မှုကဏ္ဍ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အရှိန်အဟုန်မြှင့်တင်ရန် စတင်အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အက်တမ် (ATOM) နှင့် ZTE တို့သည် cloud နည်းပညာပိုင်းဆိုင်ရာ ဒစ်ဂျစ်တယ် ဖန်တီးတည်ဆောက်ခြင်းနှင့် တိုးချဲ့လုပ်ဆောင်မှုများမှတဆင့် ဉာဏ်ရည်မြင့်ကွန်ရက်ချိတ်ဆက်လေ့လာနိုင်မှုနှင့် ထိရောက်စွာလုပ်ငန်း လည်ပတ်နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကာ အဆိုပါပူးတွဲလုပ်ဆောင်ချက်များသည် ရေရှည်ချမှတ်ထားသည့် ရည်မှန်းချက်ကိုရည်မှန်းချက်ကိုအကောင်အထည်ဖြစ်ပေါ်စေပြီး ဝန်ဆောင်မှုပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် 5G Monetization အပါအဝင် IoT နည်းစနစ် အသုံးပြုခြင်းများပါဝင်သော အနာဂတ်တိုးတက်မှု အခွင့်အလမ်းများ ဖြစ်ပါတယ်။

အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချူပ် Ahmad Abdallah မှ “အခုလို လက်တွဲပူးပေါင်းခြင်းဟာ အက်တမ် (ATOM) ရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးခရီးစဉ်အတွက် သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ခုကို ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Whale Cloud ရဲ့ အဆင့်မြင့်နည်းပညာပေါင်းစပ်ပြီး BSS ဆန်းသစ်တီထွင်မှုပိုင်းမှာ ဦးဆောင်နေတဲ့ ZTE ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ အက်တမ် (ATOM) ရဲ့ သုံးစွဲသူဦးစားပေးရည်မှန်းချက်တွေရယ် ပေါင်းစပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ လက်ရှိဝန်ဆောင်မှု ပေးနေတဲ့ အပိုင်းကို အဆင့်မြှင့်ဖော်ဆောင်နိုင်မှာ ဖြစ်ပြီးတော့ လုပ်ငန်းကို မြန်ဆန်စွာ လည်ပတ်စေနိုင်မှာဖြစ်လို့ မြန်မာနိုင်ငံအတွက် အဆင်ပြေချောမွေ့ပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတစ်ခုကို ဖန်တီးဖွင့်ဟ ပေးသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ ပါတယ်။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည် ခေတ်သစ်တစ်ခုကို စတင်ဝင်ရောက်လာပြီဖြစ်ရာ အက်တမ် (ATOM) နှင့် ZTE ကုမ္ပဏီနှစ်ခုစလုံးသည် နည်းပညာသစ်များကို မိတ်ဆက်ပေးရုံသာမက ဆက်သွယ်ရေးကွန်ရက်များနှင့် မြန်မာ ပြည်သူလူထု၏ ဘဝများကိုပါ ကောင်းမွန်သော ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ယခုလက်တွဲပူးပေါင်းမှုသည် နိုင်ငံတကာ၏ထိပ်တန်းအလေ့အကျင့်များကို ယူဆောင်လာပေးမည်ဖြစ်ပြီး အဆင့်မြင့်ပလက်ဖောင်းများနှင့် စဉ်ဆက်မပြတ်ဆန်းသစ်တီထွင်နေသည့် ယဉ်ကျေးမှု တစ်ရပ်အား မြန်မာနိုင်ငံ ဆက်သွယ်ချိတ်ဆက်ရေးဂေဟစနစ်ကြီး၏ အဓိကနေရာတွင် တည်ရှိစေမည်ဖြစ်ပါသည်။

“အခုလို နည်းပညာအသွင်ကူးပြောင်းမယ့် ခရီးစဉ်မှာ အက်တမ် (ATOM) နဲ့ လက်တွဲရတာကို ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ရဲ့ လက်တွေ့မှာ အသုံးဝင်ပြီးသား ဒစ်ဂျစ်တယ် BSS လုပ်ဆောင်ရည်တွေကို အက်တမ် (ATOM) ရဲ့ ဈေးကွက် ဦးဆောင်မှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါ လုပ်ငန်းလည်ပတ်မှုနဲ့ သုံးစွဲသူအရည်အသွေးတွေ ပိုပြီးမြင့်တက် လာမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးကဏ္ဍရဲ့ ထိပ်တန်းနည်းပညာ၊ အဆင့်မြင့်ပြီးယုံကြည်စိတ်ချရတဲ့ hardware၊ software တွေအပါအဝင် ပြည့်စုံတဲ့ ဝန်ဆောင်မှုစွမ်းရည်တွေ ယူဆောင်လာပေးခြင်းအားဖြင့် ZTE က အက်တမ် (ATOM) အတွက် အကောင်းမွန်ဆုံးသုံးစွဲသူအတွေ့အကြုံတစ်ခုကို ပေးအပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ Whale Cloud နည်းပညာရဲ့ အကူအညီနဲ့ ဆန်းသစ်တီထွင်မှုကိုဆန်းသစ်တီထွင်မှုကိုဆက်လက်လုပ်ဆောင်ကာ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်း ရေးအတွက် စံနှုန်းအသစ်တစ်ခုကို ချမှတ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းပြီး အနာဂတ်ရဲ့ လိုအပ်ချက်တွေကို တိုးတက်ပြောင်းလဲနိုင်ဖို့၊ အက်တမ် (ATOM) ရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို ကူညီ ဆောင်ရွက်ပေးဖို့နဲ့ အမြင့်မားဆုံးရလဒ်တစ်ခု ဖန်တီးပေးဖို့ ဒစ်ဂျစ်တယ်အခြေခံအုတ်မြစ်တစ်ခုကို ဖော်ဆောင် နေကြတာပဲဖြစ်ပါတယ်” ဟု ZTE ၏ အမှုဆောင်အရာရှိချုပ် Mr. Gavin Cai က ပြောကြားခဲ့ပါသည်။

အဆိုပါ အစီအစဉ်ကို ခန့်မှန်းခြေအားဖြင့် ၁၈ လကြာ သတ်မှတ်ထားပြီး အစပိုင်းတွင် Enterprise Business Customer (B2B) လုပ်ဆောင်ချက်များပါရှိကာ Retail Business Customer (B2C) လုပ်ဆောင်ချက်များအထိ တစ်ဆင့်ချင်း ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါကာလအတွင်း အက်တမ် (ATOM) ၏ ဌာန အသီးသီးမှ တာဝန်ရှိသူများက ZTE နှင့်အနီးကပ် ပူးတွဲလုပ်ဆောင်ကာ နိုင်ငံတကာအကောင်းဆုံး လုပ်ထုံးလုပ်နည်း များနှင့်အညီ အလုံးစုံပေါင်းစပ်ပါဝင်သည့် BSS လုပ်ငန်းဆိုင်ရာပံ့ပိုးမှုစနစ် ပလက်ဖောင်း တစ်ခုအဖြစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကော့ကရိတ်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ(၁၃၇)ဦးအနက် (၅၁)ဦးအောင်မြင်

စစ်ရေးအခြေအနေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခက်အခဲများကြားမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ ကျောင်းသား/သူ(၁၃၇)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဖြေဆိုခဲ့ကြရာ ယနေ့ ဇွန် ၂၈ ရက်တွင်ထွက်ရှိသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာ ရင်းတွင် ကော့ကရိတ်မြို့နယ်မှ ကျောင်းသား/သူ(၅၁) ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲအောင်မြင်သည့် ကျောင်းသား/သူများအနက် (၃)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၂)ဘာသာဂုဏ် ထူးရှင်(၅)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၆)ဦးရှိခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ(၁၃၇)ဦးအနက် (၅၁)ဦးအောင်မြင်

စစ်ရေးအခြေအနေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခက်အခဲများကြားမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ ကျောင်းသား/သူ(၁၃၇)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဖြေဆိုခဲ့ကြရာ ယနေ့ ဇွန် ၂၈ ရက်တွင်ထွက်ရှိသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာ ရင်းတွင် ကော့ကရိတ်မြို့နယ်မှ ကျောင်းသား/သူ(၅၁) ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲအောင်မြင်သည့် ကျောင်းသား/သူများအနက် (၃)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၂)ဘာသာဂုဏ် ထူးရှင်(၅)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၆)ဦးရှိခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အခက်အခဲရှိ သဘင်မိသားစုဝင် ကျောင်းသား/သူများကို မြန်မာနိုင်ငံသဘင်အစည်းအရုံး ပညာသင်ဆုချီးမြှင့်မည်

မြန်မာနိုင်ငံသဘင်အစည်းအရုံးသည် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သည့် အခက်အခဲရှိသော သဘင်မိသားစုဝင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်ရေးအတွက် ပညာသင်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်သည် သဘင်မိသားစုဝင် သားသမီးများ၏ ပညာရေးအောင်မြင်မှုကို ဂုဏ်ပြုအားပေးရန်နှင့် ပညာရေးဆက်လက်သင်ယူရန် အခက်အခဲကြုံတွေ့နေရသူများအား ထောက်ပံ့ကူညီပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ပညာသင်ဆု လျှောက်ထားလိုသူများအနေဖြင့် ကိုယ်ရေးအကျဉ်း၊ သဘင်မျိုးဆက်စစ်မှန်ကြောင်း အထောက်အထား၊ တက္ကသိုလ်ပညာ ဆက်လက်သင်ယူရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖော်ပြထားသော တင်ပြချက်တို့နှင့်အတူ သက်ဆိုင်ရာ မြို့နယ်၊ တိုင်းဒေသကြီးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071